Chapter 169

759 72 2
                                    

စာစဉ် 12 Chapter 169 နတ်ဘုရားများကို သုတ်သင်ခြင်းက ထိပ်ဆုံးသို့ ရောက်သွားလေပြီ

နောက်တစ်နေ့ မနက်၌ ...

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် နတ်ဘုရားများကို သုတ်သင်ခြင်းသည် အဆင့် ၂၁ မှ အဆင့် ၁ သို့ လျင်မြန်စွာ တက်သွားသဖြင့် အခြား စာရေးဆရာများ ရုတ်တရက် ကြံရာမရသလို ခံစားလိုက်ရသည်။

ထိုသို့ တက်သွားသည့် တစ်လျှောက်တွင် မရေတွက်နိုင်သော စာဖတ်သူများက နတ်ဘုရားများကို သုတ်သင်ခြင်းအား ရှာတွေ့သွားသဖြင့် တောက်လျှောက်ဖတ်ရမှာ ထိပ်ဆုံးသို့ အလျင်အမြန် ရောက်သွားခြင်းပင်။

လူသစ်တစ်ယောက်၏ ဝတ္ထုသစ်က စာရင်း၏ ထိပ်ဆုံးသို့ ရုတ်တရက် ရောက်ရှိသွားခြင်း။ ၎င်းဖြစ်စဉ်ကြောင့် လူပေါင်းများစွာ မှင်တက်သွားကြသည်။ ဤသည်က ဖျက်မြင်းပင်။ စိတ်ဝိညာဉ်အထိ နက်မှောင်နေသော ဖျက်မြင်းတစ်ကောင်ပင်။

ကြောက်စရာ ကောင်းလှသည်။ ထိတ်လန့်စရာ ကောင်းလှပေသည်။

စာရေးသူများ အသိုင်းအဝိုင်း၌ ဆူညံပွက်လောက်ရိုက်နေ၏။ နတ်ဘုရားများကို သုတ်သင်ခြင်းနှင့် ပတ်သက်သည့် အပူတပြင်း ဆွေးနွေးမှု စတင်လျက် ရှိသည်။

"ချီးပဲ၊ အခုတလော ဒီဝတ္ထုအသစ် ပေါက်နေတယ်၊ မင်းတို့တွေ မြင်ပြီးပြီလား"

"မင်း နတ်ဘုရားများကို သုတ်သင်ခြင်းကို ပြောနေတာ မဟုတ်လား၊ ငါ ဖတ်ကြည့်ပြီးပြီ၊ ကောင်းတယ်"

"ငါ ဘာမှ ထူးခြားတာ မတွေ့ဘူး၊ သာမန်လိုပဲ ခံစားရတယ်၊ စာရင်းဇယား အချက်အလက်တွေက အတုအယောင်ပဲ ဖြစ်မယ်၊ ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက် ကြောက်စရာ ကောင်းနေမှာလဲ"

"ငါလည်း အတုလို့ ထင်တယ်၊ အခု ငါ မင်းတို့ကို အချက်အလက်တွေ ပြမယ်"

ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ အချက်အလက်ကို စာရေးသူများ၏ စကားပြောခန်းထဲသို့ ပို့လာသည်။

၎င်းကို ဖတ်ရန် သိမ်းဆည်းထားသူက ညတွင်းချင်း ငါးထောင်မှ တစ်သောင်းသုံးထောင်အထိ ဖြစ်လာသည်။ ထောက်ခံအားပေးသည့် မဲများကလည်း ကိုးထောင်မှ တစ်သောင်းငါးထောင်အထိ ရှိနေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now