Chapter 120

869 73 0
                                    

Chapter 120 လီထိုက်၏ ရွေးချယ်မှု

ကျန်းယွင်ရှီက သူ့ကို ကူညီပေးသဖြင့် ရဲ့လင်းချန် အတော်လေး သက်သာသွားသည်။

ကျန်းယွင်ရှီသည် အချက်အပြုတ်၊ သန့်ရှင်းရေး နိုင်နင်းသလို အရာအားလုံးကို အစီအစဉ်တကျ ပြုလုပ်နိုင်သည်။ ဆိုင်ဖွင့်ခြင်းနှင့် ပတ်သက်လာလျင်လည်း အာရုံစူးစိုက်ထားပြီး ဂရုတစိုက် ရှိသည်။ ယခုကာလ အတောအတွင်း သူမသည် နေရာကောင်းများကို မပြတ် လိုက်ရှာပြီး ပိုင်ရှင်များနှင့် တွေ့ဆုံ၍ ငှားခကို ဆွေးနွေးသည်။ ထို့အပြင် သူမသည် အချိန်တိုင်း အလှကုန်ပစ္စည်းနှင့် ပတ်သက်၍ သူမ သင်ယူနိုင်သမျှ သင်ယူနေ၏။

သူမအတွက် ဤစီးပွားရေးလုပ်ငန်းက သူမဘဝတွင်းမှ အကြီးမားဆုံး အဖြစ်အပျက်များထဲမှ တစ်ခု ဖြစ်သည်။ သူမ ယင်းကို ပေါ့ပေါ့တန်တန် မတွေးရဲပါ။

စနေနေ့တွင် ရဲ့လင်းချန်က ကျန်းယွင်ရှီအား သူ ဟမ်တန်း စတူဒီယိုသို့ သွားဦးမည်ဟု အသိပေးလိုက်သည်။

သူ ပြဿနာမှ ရှောင်ရသည်ကို ပိုဆန္ဒရှိသော်လည်း ယင်းက သူ ကြောက်တတ်သည်ဟု မဆိုလိုပါ။ သူ လီထိုက်ကို ရုပ်ရှင်ရိုက်ပေးမည်ဟု ကတိပေးထားပြီးသဖြင့် သူ အစွမ်းကုန် ကတိတည်ရပေမည်။ သို့မဟုတ်ပါက ပါရမီရှင်ဟူသော သူ၏ အဆင့်အတန်းကို ထိခိုက်လောက်သည်။

ဟော်ရန်ကျား ရုပ်ရှင်နှင့် ပတ်သက်၍ သူ ယုံကြည်မှုရှိသလို ခံစားရသည်။ သိုင်းပညာဖြစ်စေ၊ ဇာတ်ကောင်ဖြစ်စေ၊ အတိုက်အခိုက်ခန်းဖြစ်စေ အားလုံးက မော်ကွန်းတင်လောက်သည်။

ဟော်ရန်ကျားသည် သိုင်းပညာနှင့် နိုင်ငံကို ချစ်မြတ်နိုးသော မျိုးဆက်၌ မွေးဖွားလာသည့် ထူးချွန်သော သိုင်းပညာရှင် ဖြစ်သည်။  သိုင်းပညာ ခေတ်စားနေသော ယနေ့ခေတ်အတွင်း၌ ၎င်းက သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေမှာ အသေအချာပင်။

ဟမ်တန်း စတူဒီယိုသို့ ရောက်သည့် ဘတ်စ်ကားပေါ် တက်လိုက်ပြီးနောက် ရဲ့လင်းချန်က လီထိုက်ကို ခေါ်၍ တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။

သူ ဟမ်တန်း စတူဒီယိုသို့ ရောက်သည်နှင့် လီထိုက်က သူ့အား အပေါက်ဝ၌ စောင့်ကြိုနေသည်။ ရဲ့လင်းချန်ကို မြင်သောအခါ လီထိုက်က ချက်ချင်း ရှေ့သို့ လှမ်းလာ၍ တလေးတစား နှုတ်ဆက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now