Chapter 183

618 63 1
                                    

စာစဉ် 13 Chapter 183 ယောက်ျားလေးတွေ အပြင်ထွက်ရင် ကိုယ့်လုံခြုံရေးအတွက် သောာက်ကျိုးနည်း သတိထားသင့်တယ်

သီချင်းက တဖြည်းဖြည်း အဆုံးသတ်နားသို့ ရောက်လာပြီး အသံက နိမ့်ဆင်းကာ နူးညံ့လာသည်။

ခါးသီးမှုနှင့် ရက်စက်မှုတို့က သူတို့အား ဖြည်းဖြည်းချင်း ကျော်လွှားလာသဖြင့် ရှောင်ချန်နှင့် ကျန်လူများ ကျောရိုးစိမ့်မတတ် ချမ်းအေးသွားကြသည်။

"လူတစ်ချို့က နေ့တာတွေမှာ အခြားသူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ကြပြီးတော့

မူးဝေနေတဲ့ ညတာတွေမှာ သူတို့အိပ်မက်တွေကို ရေစုန်မျှောလိုက်ကြတယ်

နေ့တိုင်း နိုးထလာပြီး နေ့ဒဓူဝကိစ္စတွေကို လုပ်မြဲလုပ်ကြတယ်၊ ဒါပေမဲ့ သူတို့ မသိကြတာက

အိုမင်းလာတဲ့အခါ အားလုံးကို ဘယ်လို ပြန်လှည့်ကြည့်ကြမလဲ

လူတစ်ချို့က နောင်တရကြတယ်၊ တစ်ချို့တွေကတော့ ကံကောင်းစွာနဲ့ မေ့ပျောက်သွားကြတယ်

လူတစ်ချို့က ခံစားချက်တွေနဲ့ ပြည့်နှက်နေကြတယ်၊ တကယ်တော့ မင်းတို့ငါတို့တွေက ဖုန်မှုန့်သာသာလေးပါပဲ"

သီချင်းဆုံးသွားသော အခန်းထဲမှ လူများအားလုံး ငြိမ်သက်သွားသည်။ သူတို့သည် အသံထဲ၌ နစ်မျောနေဆဲဖြစ်ကာ ရုန်းမထွက်နိုင် ဖြစ်နေလေသည်။

"ဒါက ရင်သက်ရှုမောစရာပဲ"

ရှောင်ချန်အတွက် အသိဝင်လာစေရန် အတော်လေး ကြာလေသည်။ သူ့မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နေပြီး အနည်းငယ် လမ်းပျောက်သလို ဖြစ်နေသည်။

ထိုအသံက ... အံ့ဩစရာ ကောင်းလွန်းလှသည်။

သီချင်းအား ဘယ်ရှုထောင့်မှကြည့်ကြည့် စင်းလုံးချောသော ဖန်တီးမှုတစ်ခုလိုပင်။ အယ်ဒီတာများ ဖြစ်ကြသောကြောင့် သီချင်းနှင့် ပတ်သက်လာလျင် သူတို့ အလွန် သတိပြုမိတတ်သည်။ လူတစ်ချို့၏ အဆိုရှင်သည် သီချင်းဆိုစွမ်းရည်နှင့် စည်းချက်ကို အခိုင်အမာ နားလည်သဘောပေါက်ကာ လက်ရှိ နာမည်ကျော် အဆိုတော်များထက်ပင် ပိုသေးသည်။ စံချိန်စံနှုန်းက ဩချလောက်စရာပင်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now