Chapter 68

992 122 0
                                    

Chapter 68 မစ်ရှင် ပြီးဆုံးခြင်း၊ စွမ်းရည် တိုးတက်ခြင်း

ဝိုင်နှစ်ယောက် ရုတ်တရက် ပေါ်လာခြင်းနှင့်အတူ ဝေ့ပေါ်တွင် ဆူညံပွက်လောရိုက်နေ၏။အစပိုင်းတွင် ဝေ့ပေါ်ပေါ်မှ ဆွေးနွေးပြောဆိုသော စကားသံများက ပုံမှန်အတိုင်း ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လေသံက ပြောင်းလဲလာသည်။

မီးစက ပို့စ်တစ်ခုတည်းကြောင့် ဖြစ်သည်။ မူရင်းပို့စ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

[ဝိုင်က ဘယ်သူဖြစ်ဖြစ် ကျေးဇူးပြုပြီး အဝေးသွားလိုက်ပါတော့၊ ငါ ဝိုင်နတ်ဘုရားကိုပဲ သိတယ်၊ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းက ဆက်သွားကိုသွားမှ ဖြစ်မယ်]

ချက်ချင်းဆိုသလိုပင် ဝိုင်၏ ပရိသတ်များက ဒေါပွကာ ဝိုင်နတ်ဘုရားအား မကျေမနပ် ပြောဆိုကြတော့သည်။ ဝိုင်နတ်ဘုရား၏ ပရိသတ်များကလည်း လက်တုံ့ပြန်ကြလေသည်။

ထို့ကြောင့် ဝိုင်နှင့် ဝိုင်နတ်ဘုရားတို့၏ ပရိသတ်များ စကားစစ်ခင်းလေတော့သည်။ ဝိုင်နှင့် ဝိုင်နတ်ဘုရားတို့က ဝေ့ပေါ်၏ ထိပ်ဆုံးတွင် ရှိမြဲဆက်ရှိကာ ဝေ့ပေါ်၏ ရေပန်းစားသော ရှာဖွေမှုစာရင်းတစ်ခုလုံးကို အပိုင်သိမ်း ထားတော့သည်။

အာလူးလေးတို့ကမူ ဝေခွဲမရ ဖြစ်နေ၏။ ဝိုင်၏ သိုင်းပညာနှင့် သရုပ်ဆောင်စွမ်းရည်၊ ဝိုင်နတ်ဘုရား၏ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနှင့် ဂိမ်းကစားခြင်း၊ အားလုံးကို သူတို့ သဘောကျသည်။ သူတို့ ဘယ်ဘက်၌ ရပ်တည်ရမလဲ မသိကြပါ။

ရဲ့လင်းချန် နေရခက်စွာ ရယ်မောပြီး ခေါင်းခါလိုက်သည်။ သူသည် တစ်ချက်ကြည့်ပြီးနောက် အခြေအနေကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စနစ်မီနူးကိုသာ အာရုံစိုက်လိုက်သည်။

လက်ရှိတွင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက သူ၏ ရေပန်းစားမှုကို ၆၈,၉၈၃ အထိ တိုးသွားစေသည်။ လက်ရှိ စန်းထမှုကြောင့် ယနေ့ညတွင် မစ်ရှင်ပြီးမြောက်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ထို့နောက်တွင်မူ ရဲ့လင်းချန်၏ စုစုပေါင်း ရေပန်းစားမှုက ၂၀၈,၅၃၃ သို့ ရောက်ရှိသွားလေပြီ။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now