Chapter 101

810 83 0
                                    

Chapter 101 အနိုင်ပိုင်းခံရခြင်း

စစ်သည်တော် ဆယ့်နှစ်ယောက် ပြိုင်တူ တိုက်ခိုက်လာသောအခါ လေပြင်းသံနှင့်အတူ ကြောက်စရာ ကောင်းသော ဖိအားပါ ဖြစ်ပေါ်လာသည်။ သူတို့နှင့် တိုက်ခိုက်မည့် မည်သူမဆို သတိထားရလောက်သည်။

သို့သော် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လေးယောက်ကမူ အရေးမစိုက်ဟန်ဖြင့် ဟာသတစ်ပုဒ်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

ထိုဆယ့်နှစ်ယောက် သူတို့အနားသို့ ရောက်လာတော့မည့်အချိန်၌ သူတို့လေးယောက်က ပြိုင်တူ လှုပ်ရှား လာသည်။

ကတုံးနှင့်လူသည် စစ်သည်တော်တစ်ယောက်၏ လက်သီးကို ပြန်လည်၍ ထိုးနှက်လိုက်သည်။ ကျယ်လောင်သော အရိုးကျိုးသံနှင့်အတူ ထိုစစ်သည်တော်၏ လက်မှ အရိုးများ ချက်ချင်း ကျိုးကြေသွားသည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကန်လိုက်သဖြင့် ထိုလူ အနောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ် ကျကာ မလှုပ်နိုင်တော့ချေ။

ထို့နောက် ကျောချမ်းစရာကောင်းသော ရယ်သံနှင့်အတူ ကတုံးနှင့်လူက လက်သီးကို ပြန်ဖြန့်၍ ဘေးတစ်ဖက်မှ စစ်သည်တော်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ပြင်းထန်သော ခွန်အားကြောင့် ထိုစစ်သည်တော် တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးအန်လာ၏။

အခြားသူများသည်လည်း ထိုနည်းတူပင်။ သူတို့၏ တိုက်ခိုက်မှုက အလွန် လျင်မြန်ပြီး အင်အားကြီးကာ အလွန် ကြမ်းကြုတ်သည်။ သူတို့ လေးယောက်က စစ်သည်တော် ဆယ့်နှစ်ယောက်ကို အနိုင်ပိုင်းလိုက်နိုင်သည်။

တစ်မိနစ်ကြာသော် ဆယ့်နှစ်ယောက်လုံး မြေကြီးပေါ်၌ သနားစဖွယ် လဲနေပြီး မလှုပ်နိုင်တော့ချေ။

"စစ်သည်တော်ဌာနရဲ့ သိုင်းပညာရှင်တွေက အသုံးမကျလိုက်တာ၊ အမှိုက်တွေ"

ကတုံးနှင့်လူက ရယ်၍ သူ့အနားမှ စစ်သည်တော် တစ်ယောက်ကို ကန်ထုတ်လိုက်သည်။ သူက ရဲ့လင်းချန်ထံ ဖြည်းဖြည်းချင်း လျှောက်လာ၏။

"ဒီဆယ်နှစ်အတွင်း မင်းတို့ရဲ့ သိုင်းပညာက ဒီလို ဆိုးရွားတဲ့အဆင့်အထိ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိပါဘူး"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now