Chapter 114

775 83 2
                                    

Chapter 114 ကျုပ်သည်းခံနိုင်စွမ်းကို လာစမ်းနေတာလား

"မန်နေဂျာဟွမ် ဒါ ကျွန်မရဲ့ မိတ်ဆွေပါ၊ ပြီးတော့ ကျွန်မက သူ့ကို ဒီနားကို လိုက်ပြနေတာပါ"

ကျန်းယွင်ရှီက အောက်ကျို့စွာ ပြန်ပြောလိုက်သည်။

"ဪဪ ဒီငမွဲကောင် ဘယ်ကလာသလဲ မှတ်တယ်၊ လတ်စသက်တော့ နင့်သူငယ်ချင်း ဖြစ်နေတာကိုး၊ ဘယ်လိုလုပ် သူ့လိုလူက ဒီကနေ အိမ်တစ်လုံး ဝယ်နိုင်မှာလဲ၊ ဟာသပဲ"

မန်နေဂျာဟွမ်က လှောင်ရယ်လိုက်သည်။ ထို့နောက် သူမက ကျန်းယွင်ရှီအား သရော်သောအကြည့်ဖြင့် ကြည့်လာသည်။

"အိမ်သာသွားဆေးစမ်း၊ ထောင့်တွေအားလုံးမှာ သန့်နေအောင် လုပ်နော်"

ရဲ့လင်းချန်၏ အမူအရာက သုန်မှုန်လာပြီး မန်နေဂျာဟွမ်အား ခံစားချက် ကင်းမဲ့စွာကြည့်၍ ပြောလိုက်သည်။

"ယွင်ရှီက ဒီမှာ အရောင်းစာရေးပါ၊ သန့်ရှင်းရေးသမား မဟုတ်ဘူး၊ ခင်ဗျား ဘာလို့ သူ့ကို အိမ်သာဆေး ခိုင်းနေတာလဲ"

"ထွီ ငါက ဒီမှာ မန်နေဂျာပဲ၊ ငါ သူ့ကို ခိုင်းချင်တာ ခိုင်းလို့ရတယ်၊ ငါ့ကိစ္စကို ဝင်ပါရအောင် နင်က ဘယ်သူလဲ"

မန်နေဂျာဟွမ်၏ အမူအရာက ခက်ထန်လာသည်။

"ဒါ သူတောင်းစားတစ်ယောက် ရှိရမယံ့် နေရာ မဟုတ်ဘူး၊ ထွက်သွားစမ်း"

"ယွင်ရှီက ခင်ဗျားထက် ထူးချွန်ပြီး သာနေမှာကို စိုးနေတာပဲ၊ သူက ခင်ဗျားရာထူးကို ခြိမ်းခြောက်လာမှာကို ခင်ဗျား စိုးရိမ်နေတာ ဟုတ်တယ်မလား"

ရဲ့လင်းချန် ပျက်ရယ်ပြုလိုက်သည်။ သူသည် စိတ်ပညာနှင့် ပတ်သက်သော စာအုပ်အချို့ကို ဖတ်ခဲ့ဖူးသဖြင့် မန်နေဂျာဟွမ်၏ အတွေးကို အနည်းငယ် တွေးကြည့်ရုံဖြင့် နားလည်နိုင်သည်။

အသွင်အပြင်၊ အပြောအဆိုနှင့် ဆွဲဆောင်မှုအရဆိုလျင် ကျန်းယွင်ရှီက မန်နေဂျာဟွမ်ထက် အဆများစွာ ပို၍ သာလွန်သည်။ အကယ်၍ သူမသာ အရောင်းပိုင်း၌ တာဝန်ယူရလျင် ဝယ်သူများစွာက အိမ်ဝယ်ယူရန် စာချုပ်ချုပ် ကြလိမ့်မည်ဟု ရဲ့လင်းချန် ယုံကြည်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Où les histoires vivent. Découvrez maintenant