Chapter 146

726 68 0
                                    

စာစဉ် 10 Chapter 146 ပိတ်ပင်ခံရခြင်း

ရဲ့လင်းချန်၏ စကားက ကျောင်းအုပ်ရှန့်နှင့် ဥက္ကဋ္ဌကျန်းတို့အား ထိတ်လန့်သွားစေသည်။

*သူ မောက်မာတာလား၊ သွေးနားထင်ရောက်နေတာလား ဒါမှမဟုတ် ယုံကြည်မှု လွန်ကဲနေတာလား*

ဘတ်စကက်ဘောသည် ဘောလုံး အားကစားတစ်ခု ဖြစ်ပြီး တစ်ကိုယ်တော် အရည်အချင်းအပြင် အသင်း အဖွဲ့လိုက် လုပ်ဆောင်တတ်သည့် စွမ်းရည်လည်း လိုအပ်သည်။ ထို့ကြောင့် ပုံမှန် လေ့ကျင့်ရေးက မရှိမဖြစ် လိုအပ်သည်။ အားကစားတစ်ယောက်အနေဖြင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အား ထိန်းသိမ်းရန် လိုအပ်ပေ၏။ အားကစားသမား တစ်ယောက်၏ လေ့ကျင့်ရေးနှင့် စားသောက်ပုံကို ပြင်းပြင်းထန်ထန် ထိန်းချုပ်မှရသည်။

သို့သော် ရဲ့လင်းချန်က ဘတ်စကက်ဘော အဖွဲ့အစည်း၏ မည်သည့် လှုပ်ရှားမှုတွင်မှ ပါဝင်ရန် စိတ်မကူးဘဲ ပြိုင်ပွဲများ၌ ဝင်ပြိုင်ရန်သာ စိတ်ဝင်စားနေ၏။

ဤသည်ကို ဘတ်စကက်ဘော အဖွဲ့အစည်းထဲ ဝင်သည်ဟုပင် သတ်မှတ်၍ ရပါနိုင်မည်လော။

ဥက္ကဋ္ဌကျန်း ပါးစပ်အဟောင်းသား ဖြစ်ကာ တစ်ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။

"ရဲ့လင်းချန် မင်းက သိပ်ကို ထူးချွန်ပါတယ်၊ လူငယ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက ကောင်းတဲ့အချက်ပဲ၊ ဒါပေမဲ့ ယုံကြည်မှု လွန်ကဲလို့ မရဘူး၊ မင်းမှာ အချိန်မရှိဘူးဆိုရင် တစ်ပတ်ကို နည်းနည်းလောက် လေ့ကျင့်ရေး လာဆင်းရင် အဆင်ပြေတယ်၊ မင်းရဲ့ အသင်းသားတွေနဲ့ ရင်းနှီးမှု တည်ဆောက် သင့်တယ်"

ကျောင်းအုပ်ရှန့်က နှစ်ဖက်လုံးအတွက် ညှိနှိုင်းပေးသည်။

"ကျောင်းအုပ်ရှန့်နဲ့ ကျောင်းအုပ်ကျန်း၊ ကျွန်တော့်မှာ တကယ် အချိန်မရှိတာပါ၊ ကျွန်တော် အားတဲ့အချိန်ကျရင် ဘတ်စကက်ဘော အဖွဲ့အစည်းကို သွားလို့ရပါတယ်၊ ဒါပေမဲ့ ကျွန်တော့် လွတ်လပ်မှုကို ကန့်သတ်ထားလို့ မဖြစ်ဘူး၊ ဒါကို သဘောတူလို့ မရဘူးဆိုရင် ကျွန်‌တော် ဝင်ဖို့ မဖြစ်နိုင်ပါဘူး"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now