Chapter 133

726 65 2
                                    

စာစဉ် 9 Chapter 133 မယုံနိုင်လောက်အောင် မာနကြီးသော ကျောက်ရီထျန်း

"ရှောင်ရဲ့ အလယ်နားလောက်ကလူက ငါတို့ တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ကျောင်းအုပ်ရှန့်ပဲ"

ရှန်းက ရဲ့လင်းချန်ကို မိတ်ဆက်ပေးသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

"သူ့ဘေးက တစ်ယောက်က ဟွာချင်တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ကျောင်းအုပ်ရှု"

ဒုကျောင်းအုပ်များပင် ပါနေသဖြင့် ပီကင်းတက္ကသိုလ်နှင့် ဟွာချင်တက္ကသိုလ်တို့သည် ဤဘတ်စကတ်ဘော ပြိုင်ပွဲ၌ အတော်လေး အလေးထားပုံရသည်။

"ရှောင်ရဲ့ ဟိုနားကို ကြည့်လိုက်"

သူ့ဘေးမှ အာလူးလေးက ရဲ့လင်းချန်နားကပ်၍ လန့်စရာကောင်းသော အကြည့်ဖြင့် ခပ်တိုးတိုး ပြောလာသည်။

ရဲ့လင်းချန် သူ ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က မရည်ရွယ်ဘဲ ထိုနေရာမှာတင် ကပ်ညိ နေမိသည်။

ထိုနေရာတွင် အနက်ရောင် မျက်မှန်ကိုင်း တပ်ထားပြီး အနီရောင်ဝတ်စုံ ဝတ်ထားသည့် မိန်းကလေး တစ်ယောက် ထိုင်နေသည်။ ဆူညံနေသော အားကစားရုံထဲနှင့် ဆန့်ကျင်စွာပင် သူမက တိတ်ဆိတ်၍ အေးချမ်းလှသည်။ သူမက စာအုပ်တစ်အုပ်ကိုကိုင်ကာ ဖတ်နေသည်။

သူမသည် နှင်းပန်းသဖွယ် နူးညံ့သိမ်မွေ့၍ အေးချမ်းလှသည်။ ထိုမိန်းကလေးသည် ရဲ့လင်းချန် လမ်း၌ ဝင်တိုက်မိသော မိန်းကလေးပင်။

"ဘယ်လိုလဲ လှတယ် မဟုတ်လား"

အာလူးလေးက ရဲ့လင်းချန်ကို မျက်စိတစ်ဖက်မှိတ်ပြသည်။

"သူက ဟွာချင်ကျောင်းရဲ့ အလှလေးလေ ပြီးတော့ အချိန်ပိုင်း ကျူတာပေါ့၊ သူ့နာမည်က ရှုဝမ်ချင်တဲ့"

"ကျူတာလား"

ရဲ့လင်းချန် တအံ့တဩ မေးလိုက်သည်။

"မယုံနိုင်ဘူး မဟုတ်လား၊ ကျူတာတစ်ယောက်က ကျောင်းအလှလေး ဖြစ်နေတာက အရမ်း ရှားတာကွ"

အာလူးလေးက ထပ်ရှင်းပြသည်။

"သူက မနှစ်ကတင် ဟွာချင်တက္ကသိုလ်ကနေ ဘွဲ့ရသွားတာ၊ သူ့ရဲ့ ထူးချွန်လွန်းတဲ့ ပညာကြောင့် သူတို့က သူ့ကို ကျူတာအဖြစ် ပြန်နေခိုင်းတာလေ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now