Chapter 121

791 73 2
                                    

စာစဉ် 9 Chapter 121 နာမည်ကျော် အနုပညာရှင်ဟူသောလူ

ဇာတ်ညွှန်းနှင့် ရိုက်ကူးရေးအဖွဲ့သားများ အတည်ပြုပြီးသွားသဖြင့် ယခု လုပ်စရာဟူ၍ သရုပ်ဆောင် ရွေးရန်သာ ကျန်တော့သည်။

"သခင်လေးရဲ့ မင်း သရုပ်မဆောင်ဘူးလား၊ မင်း သိုင်းပညာကို သိနေတာပဲ၊ မင်းရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ ပေါင်းလိုက်ရင် ဒီရုပ်ရှင်ရဲ့ အနှစ်သာရကို ဆွဲထုတ်နိုင်မှာပဲ"

လီထိုက်က ရဲ့လင်းချန်ကို ဖျောင်းဖျရန် ကြိုးစားသည်။

"ဟင့်အင်း ကျွန်တော် အချိန်အတိုင်းအတာ တစ်ခုအထိ လူလုံးထွက်မပြဘူးလို့ စိတ်ကူးထားတယ်၊ နောက်မှပေါ့"

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

သူ့မျက်နှာကို ထုတ်ပြခြင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိပေသည်။ ကောင်းကျိုးမှာ သူ၏ ရေပန်းစားမှုက လျင်မြန်စွာ တိုးတက်လာခြင်း ဖြစ်သည်။ ဆိုးကျိုးမှာမူ သူသည် လူအများ အာရုံစိုက်သည့် လူ ဖြစ်သွားသည့်အတွက် မျက်စိဒေါက်ထောက် သတိထားခြင်း ခံရပေမည်။ ယင်းက သူ့ဘဝကို အနေခက်စေမည်။

"ဒါရိုက်တာလီ ခင်ဗျား သရုပ်ဆောင်တွေနဲ့ သိတာပဲ၊ ကျွန်တော့်အတွက် နည်းနည်းလောက် လူရွေးပေးပါလား၊ ဒါမှ ကျွန်တော် သူတို့ကို လေ့လာလို့ ရမှာ"

ရဲ့လင်းချန် မေးလိုက်သည်။

"ရတာပေါ့"

လီထိုက် ခေါင်းညိတ်လိုက်သည်။

"ငါ အနုပညာရှင်တစ်ချို့နဲ့ သိတယ်၊ ငါ သူတို့ကို ဆက်သွယ်လိုက်မယ်၊ ငါတို့ အရံသရုပ်ဆောင်တွေကိုပါ စပြီး ရွေးလို့ ရနိုင်လောက်တယ်"

အားလုံး ဆွေးနွေးပြီးနောက် လီထိုက်သည် သူ့လူများအား လူရွေးပွဲသတင်းအား ဖြန့်စေသည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့က လူရွေးပွဲသတင်းအား ဝေ့ပေါ်မှနေ၍ ဖြန့်ကြသည်။

[ဟော်ရန်ကျား ရုပ်ရှင်က ဒီနေ့ စပါပြီ၊ ကျုပ်တို့ ဇာတ်လိုက် သရုပ်ဆောင်၊ အရံသရုပ်ဆောင်များနဲ့ အပိုဇာတ်ကောင်တွေကို ရှာဖွေနေပါတယ်၊ နေရာက ဟမ်တန်း စတူဒီယိုပါ၊ သိုင်းပညာအကြောင်း ရင်းနှီးသူများကို ပိုဦးစားပေးပါမည်။ စိတ်ဝင်စားသူများ လူရွေးပွဲကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်]

ကျုပ်က ပါရမီရှင် (Chapter 1-200)Dove le storie prendono vita. Scoprilo ora