Chapter 194

715 69 1
                                    

စာစဉ် 13 Chapter 194 လက်ဝှေ့ချန်ပီယံ၏ ရန်စခြင်း

ပြိုင်ပွဲကား အလွန်လျင်မြန်စွာ စတင်လာသည်။

သန်မာထွားကြိုင်းသော လက်ဝှေ့သမားနှစ်ယောက် အချင်းချင်း ထိုးနှက်နေသည်က အလွန် အထင်ကြီးစရာ ကောင်းလှသည်။ လက်သီးချက်တိုင်းတွင် အားအပြည့် ပါနေပြီး‌ လေကို ထိုးခွင်းသံပါ ထွက်နေသဖြင့် လူအုပ်အား ကြောက်လန့်လာစေသည်။

"ခွပ် ခွပ် ခွပ်"

ထိမိသော ထိုးချက်တိုင်းကို ကြားနေရသည်။

"အရမ်း ပြင်းထန်လွန်းတယ်"

ရှောင်ဖေးဖေးနှင့် အခြားသူများ မကြည့်ရဲတော့ချေ။

"ဟေး သူ့ကို ဆော်လိုက်စမ်း"

"ကာရုံပဲ ကာမနေနဲ့၊ ပြန်ချ၊ ပြန်ချလေ"

"ကောင်းလိုက်တဲ့ ထိုးချက်၊ ဆက်ချကွာ"

သို့သော် နိုင်ငံခြားသားများမှာ ကြည့်ရင်း မာန်ပါလာပြီး အရူးအမူး အော်ဟစ်အားပေးလေသည်။

"သူတို့က နေ့တိုင်း အစားအသောက်နဲ့ ပတ်သတ်ပြီး တအားဂရုစိုက်တာ၊ သူတို့ အဆက်မပြတ် လေ့ကျင့်နေလို့လည်း ဒီလို ကြွက်သားတွေ ထွက်လာတာလေ၊ သူတို့ရဲ့ ခုခံနိုင်စွမ်းက တအားကောင်းတာ၊ သူတို့ အချက်ရေ တော်တော်များများကို အထိုးခံနိုင်တယ်၊ ပြီးတော့ သူတို့လက်သီးချက်တွေက အကြိမ် ရာထောင်ချီပြီး လေ့ကျင့်ထားခဲ့တာ၊ လက်သီးချက်တိုင်းက တအား တိကျတာ"

လုချောင်းက ရှုနန်အတွက် ရှင်းပြနေပြီး သူမရှေ့၌ သူ၏ သာလွန်မှုကို ပြသနေသည်။

"ဒီတစ်ပွဲမှာ ဘယ်ဘက်ကလူ နိုင်လောက်တယ်၊ ညာဘက်ကလူက အစကတည်းက အားသာချက် မဲ့နေပြီးတော့ အခု လုံးဝ ဖိနှိပ်ခ့ထားရတယ်၊ ဘယ်ဘက်ကလူကပဲ ပိုအရှိန်ရလာတာ၊ ပြီးတော့ သူ ထိုးတဲ့အလျင်နဲ့ ခွန်အားက ကောင်းကောင်း လေ့ကျင့်ထားတဲ့ ရလဒ်ပဲ၊ သူ တော်တော် ကြမ်းတယ်"

ထင်ထားသလိုပင် သူ ပြောပြီး မကြာခင်မှာပင် ဘယ်ဘက်ကလူက သူ့ပြိုင်ဘက်ကို အမှောက်သိပ်ကာ အနိုင်ယူ သွားလေသည်။

အားပေးအော်ဟစ်သံများ ချက်ချင်း ဆူညံစွာ ထွက်ပေါ်လာ၏။ ထို့နောက် ဒုတိယပွဲ၊ တတိယပွဲ ...

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now