Chapter 155

639 61 1
                                    

စာစဉ် 11 Chapter 155 ကမ္ဘာ့ရန်

"ဘုန်း"

အရူးချူ၏ ခန္ဓာကိုယ် မြေကြီးပေါ် လဲကျသွားခြင်းနှင့်အတူ ကျားသစ်နှင့် အခြားသူများအားလုံး၏ မျှော်လင့်ချက် များလည်း ကျဆင်းသွားလေသည်။

သူတို့သည် ပိန်ပါးပါးလူအား မျက်လုံးအပြူးသားနှင့် စိုက်ကြည့်ကာ တုန်ယင်နေပြီး ကြောက်စိတ် စိုးမိုးနေ၏။

*ကြောက်စရာ ကောင်းလိုက်တာ*

*လုံးဝ ကြောက်ဖို့ကောင်းတယ်*

အရူးချူသည် တိုက်ရည်ခိုက်ရည် ရှိသော လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် မကြာသေးခင်ကမှ စစ်သည်တော်ဌာနထဲ ဝင်ရောက်နိုင်ခဲ့ပြီး ဌာနတွင်း၌ တစ်လကျော် လေ့ကျင့်ရေး ဆင်းခဲ့ရသည်။ ပိန်ပါးပါးလူကြောင့် သူ အလွယ်တကူ ရှုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

အစောပိုင်းကမှ လေလုံးထွားခဲ့သော အစ်ကိုချူက မျက်တောင်တစ်ခတ်အတွင်း မြေကြီးပေါ်၌ မလှုပ်နိုင် ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"ဘယ်သူ တိုက်ခိုက်ချင်သေးလဲ"

ပိန်ပါးပါးလူ၏ အသံက အက်သံပါပြီး အေးစက်လှသဖြင့် သူ စကားပြောသည်နှင့် သူတို့ တုန်လှုပ်မိသည်။

"ဒုန်း"

ကျားသစ်က လျင်မြန်စွာ ဒူးထောက်လိုက်ပြီး ကြောက်လန့်တကြား ပြောလေသည်။

"အစ်ကိုနဂါး ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ခင်ဗျားကို ဘာမဆို ပေးပါ့မယ်"

အစ်ကိုနဂါးက ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"အဲ့ငကြွားကောင်ကိုလည်း ခေါ်လာလိုက်၊ သူ့မိသားစုကို ပြန်ပေးငွေ ဆယ်သန်းနဲ့ လာရွေးခိုင်းလိုက်"

ထို့နောက် သူက ရဲ့လင်းချန်ကို ပြန်ကြည့်၍ အေးစက်စက် လေသံဖြင့် မေးလေသည်။

"မင်း ခေါင်းမာနေဦးမှာလား၊ မင်း ယွမ် ၃၈.၄ သန်းတောင် နိုင်ခဲ့တာနော်၊ ပိုက်ဆံနဲ့ မင်းအသက်မှာ ဘယ်ဟာက ပိုအရေးကြီးလဲ၊ သေချာ စဉ်းစား"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now