Chapter 167

703 74 1
                                    

စာစဉ် 12 Chapter 167 ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်က ပရိသတ်များကို အံ့အားသင့်စေခြင်း

လူတိုင်း၏ ဘဝသည် အနိမ့်အမြင့်၊ အတက်အကျများနှင့် ပြည့်နှက်ခဲ့သည်။ ယင်းသည် လူတစ်ယောက်က ကန္တရထဲ ဦးတည်ရာမဲ့စွာ မျှော်လင့်ချက် အရိပ်အယောင် တစ်ခုမှမရှိဘဲ လျှောက်လှမ်းနေသည်နှင့် တူသည်။

သူတို့ အားကုန်ထုတ် ကြိုးစား၍ သူတို့အိပ်မက်များအတွက် တိုက်ပွဲဝင်ခဲ့သော်လည်း ကန္တရထဲတွင် သူတို့အတွက် ဘာသစ်သီးမှ သီးမလာပါ။

တောင်ပံများကို ဖြန့်လိုက်သော်လည်း လေက ငြိမ်နေခဲ့သည်။

သီချင်း၏ အစသာ ရှိသေးသော်လည်း တော်တော်များများ တစ်ကိုယ်လုံး တုန်လာသလို ခံစားလိုက်ရပြီး မျက်ရည်များ စီးကျလုမတတ် ဖြစ်နေသည်။

သူတို့၏ဘဝကို သူတို့ ပြန်မြင်ယောင်နေကြသည်။

သက်ရောက်မှုအား ကြီးလှသည်။ ဂန္ထဝင်တွင်လှသည်။

ထိုအခိုက်တွင် ချန်ရှောင်ယန်က ဆက်ဆိုနေသည်။

"ငါ ဘယ်တော့မှာ နောက်ပြန်လှည့်မကြည့်ခဲ့မိလို့ တော်ပါသေးတယ်

ငါ နောက်ဆုံးတော့ အိုအေစစ်လေးကို ရှာတွေ့ခဲ့ပြီ ..."

ကန္ထရတွင်း၌ အိုအေစစ် တကယ် တည်ရှိနေခဲ့သည်။ ချွေးတလုံးလုံးနှင့် အားသွန်ခွန်စိုက် ကြိုးစားခဲ့သောသူများ မျှော်လင့်ချက် အသစ်တစ်ခု ရရှိလာခဲ့လေပြီ။

ချက်ချင်းဆိုသလိုပင် သီချင်းက အမြင့်ဆုံးသို့ ရောက်လာပြီး လူတစ်ယောက်က မျှော်လင့်ချက် အရိပ်အယောင်ကို ပြန်မြင်လာကာ စိတ်အားထက်သန်စွာဖြင့် ရှေ့ဆက်လျှောက်လေသည်။

"ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်အောက်မှာ သတ္တိရှိရှိ ဆက်လျှောက်မယ်"

"ကံတရားဆိုတဲ့ သံကြိုးကို ဆုံးဖြတ်ချက်နဲ့ ချိုးဖြတ်မယ်..."

"အရေးမစိုက်ခဲ့သူတွေရေ ...

"ရှင်တို့ရဲ့ အထင်သေးမှုအတွက် ကျေးဇူးတင်ပါတယ် ..."

"အခုလို စိတ်လှုပ်ရှားစရာတွေ ပြည့်နေတဲ့ ဘဝကြီးကို ပေးခဲ့တဲ့အတွက် အခု ခေါင်းကိုမော့ပြီး လျှောက်လှမ်း နိုင်ပြီလေ ...."

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now