Chapter 103

819 86 0
                                    

Chapter 103 အတွင်းအား ထုတ်ဖော်ခြင်း

ဝေးလံခေါင်ဖျားသော ဤနေရာ၌ သစ်ပင်များတောင်မှ ကျိုးတိုးကျဲတဲသာ ရှိပြီး ချောင်းမြောင်း ပစ်ခတ်ရန်အတွက် သင့်လျော်သော နေရာ ဖြစ်စေသည်။

အကယ်၍ ရဲ့လင်းချန်နှင့် လင်းရှို့ရွှယ်တို့သာ ဆက်ရပ်နေပါက ပစ်မှတ်များ ဖြစ်သွားပေမည်။

သူ ဘာလုပ်နိုင်မလဲ။

ရဲ့လင်းချန် အသက်ကို မနည်းရှူလိုက်မိသည်။ နှစ်ယောက်လုံး ပူးကပ်ရှိနေပြီး ရဲ့လင်းချန်က လင်းရှို့ရွှယ်၏ အပေါ်၌ ထပ်၍ လှဲနေပြီး နည်းနည်းလေးမျှ မလှုပ်ရဲချေ။

တောင်ပူစာလေးက အလွန် နိမ့်ပြီး မီတာဝက်မျှပင် မရှိချင်ပါ။ ထို့အပြင်  သေးလွန်းသဖြင့် သူတို့နှစ်ယောက် ပုန်းနေရုံမျှသာ ရသည်။ သူတို့ အစွမ်းကုန် ကြိုးစား၍ ကိုယ့်ကို နှိမ့်ထားမိသည်။ အကယ်၍ သူတို့၏ ခေါင်းသာ ပေါ်သွားပါက စနိုက်ပါသမားက ပစ်လာပေမည်။

"လင်းချန် အခု ကျွန်မတို့ ဘာလုပ်ကြမလဲ"

လင်းရှို့ရွှယ်က အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ ရဲ့လင်းချန်၏ လေငွေ့နွေးနွေးက သူမမျက်နှာအား ရိုက်ခတ်နေသည်ကို ခံစားမိနေ၏။

"ငါ နည်းလမ်းရှာလိုက်ဦးမယ်"

ရဲ့လင်းချန်သည် အစွမ်းကုန် ကြိုးစား၍ ဘေးပတ်လည်ကို ကြည့်ကာ ထွက်ပြေးနိုင်မည့် နည်းလမ်းကို တွက်ချက်နေသည်။

ထို့နောက် သူသည် နားကိုစွင့်၍ သေချာ နားစိုက်ထောင်လိုက်သည်။

ငှက်များက ကောင်းကင်ထက်သို့ အဆက်မပြတ် ပျံသန်းနေသည်။ ၎င်းတို့ထဲတွင် စနိုက်ပါသမားနားမှ ထွက်ပြေးလာသော ငှက်များ၏ စကားများကို ကြားလိုက်ရလေသည်။

"ငါ သေတော့မယ်၊ ငါ သေတော့မယ်၊ ကယ်ကြပါဦး"

"အဲ့လူသားက အရမ်း ရုပ်ဆိုးတာပဲ၊ အထူးသဖြင့် သူ့နှုတ်ခမ်းပေါ်က အမွေးတွေ"

"သူက ငကြောက်ပဲ၊ သေနတ်ရှိတာတောင် အဲ့ကျောက်တုံးကြီးနဲ့ သစ်ပင်ကြားထဲ ပုန်းနေရတယ်လို့"

"အိုက်ယား ... ဒီကိုလည်း ကြည့်ကြပါဦး၊ ဒီမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ပုန်းနေတယ်၊ ယောကျ်ားက မိန်းမအပေါ်မှ ပေါ်တင်ကြီး လှဲနေပါလားကွ၊ နှာဘူးကျလိုက်တာကွာ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now