Chapter 112

788 79 1
                                    

Chpater 112 ရူးနေသော ရဲ့လင်းချန်

ရဲ့လင်းချန် ရယ်ရင်း ခေါင်းခါလိုက်ကာ သူ့အိပ်ရာပေါ် တက်လိုက်သည်။

"မနက်ပိုင်း အတန်းရှိတယ်လေ၊ မင်းတို့ကောင်တွေ မအိပ်သေးဘူးလား"

"အိပ်မယ် ဟုတ်လား၊ ငါတို့ နိုးနိုးကြားကြားနေပြီး ပါတီလုပ်သင့်တာကွ"

ရဲ့လင်းချန်

အိပ်မပျော်နိုင်သော ရှန်းက ပြန်ပြောလိုက်သည်။

"အဲ့ပြိုင်ပွဲကို ကြည့်ပြီးတော့ ငါတို့ စိတ်လှုပ်ရှားနေတာ၊ ငါတို့ DOTA ပွဲလေး နည်းနည်းလောက် စမလို့ လုပ်ရုံပဲ ရှိသေးတယ်၊ အဲ့ကိစ္စ ဖြစ်တာပဲ"

"ရှောင်ရဲ့ ဝိုင်နတ်ဘုရားကလွဲရင် ကျန်တဲ့ တင်ဆက်သူတွေက မင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးလို့ ငါ ထင်တယ်၊ မင်းသာ ရှိမယ်ဆိုရင် ငါတို့ အဲ့လို ဖြစ်မှာ မဟုတ်ဘူး"

အာလူးလေးက ပြောလာသည်။

"မင်း အဲ့ဒါ ဘာကိုပြောချင်တာလဲ သိလား၊ တကယ့် ထူးချွန်သူတွေက သာမန်လူတွေကြားထဲမှာ ပုန်းကွယ် နေတယ်လို့ ဆိုလိုတာပဲ၊ ရှောင်ရဲ့က နှိမ်ချပြီး နေနေလို့၊ ဂျပန်နိုင်ငံက သူ့ကို ယှဉ်နိုင်တဲ့ အရည်အချင်း မရှိဘူး"

ရှောင်ကမ်းက ရဲ့လင်းချန်ကို ကြားဝင်ဖြတ်၍ ပြောလာသည်။

"ရှောင်ရဲ့ မင်း ဘာလို့ စောစော အိပ်တာလဲ၊ ငါတို့ကို အဆင့်တက်အောင် ကူပေးပါဦးဟ"

ရဲ့လင်းချန် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး စိတ်မပါ လက်မပါဖြင့် ခုတင်မှထကာ သူတို့အား အောင်ပွဲ၏ အရသာကို ခံစားရစေရန် ကူညီပေးလိုက်သည်။

"ဟုတ်သားပဲ ရှောင်ရဲ့ အခု မင်းက ငါတို့ တက္ကသိုလ်ရဲ့ နာမည်အကြီးဆုံး ဖြစ်နေတာနော်၊ ဒီလို ဘတ်စကတ်ဘော စွမ်းရည်နဲ့ဆိုတော့ ငါတို့ဆီကနေ မင်းရဲ့ WeChat acc လာတောင်းတဲ့ မိန်းကလေးတွေ အများကြီးပဲ"

"မင်း သူတို့ကို ပြောပြလိုက်လား"

"ဘယ်ပြောမလဲ"

ရှောင်ကမ်းက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now