Chapter 100

962 96 0
                                    

Chapter 100 သိုင်းလောကရန်ငြိုး

*ငါတို့ နောက်ယောင်လိုက်ခံနေရတာလား*

လင်းရှို့ရွှယ်၏ အမူအရာက မည်းမှောင်သွားပြီး ကားအရှိန်ကို ထိန်းရင်း နောက်ကြည့်မှန်မှတစ်ဆင့် ခိုးကြည့်လိုက်သည်။

"လင်းမိသားစု အိမ်တော်အထိ တောက်လျှောက် လိုက်လာလိမ့်မယ်လို့တော့ မထင်ဘူး"

Prosche ကားလေးက လမ်းမထက်တွင် အရှိန်ဖြင့် ဆက်သွားနေသည်။ အားလုံးက ပုံမှန်အတိုင်း ဖြစ်နေပုံ ပေါ်သည်။

"တီ တီ တီ"

ထိုစဉ် ကြီးမားသော ထရပ်ကားတစ်စီးက ဟွန်းကို ဆက်တိုက်တီး၍ ရဲ့လင်းချန်ဘက်သို့ ထိတ်လန့်ဖွယ် အရှိန်ဖြင့် မောင်းနှင်လာသည်။

သူတို့သာ တိုက်မိလျင် Porsche ကားတစ်စီးလုံး ပြားချပ်သွားလောက်သည်။

"သေစမ်း"

လင်းရှို့ရွှယ် ကျိန်ဆဲလိုက်မိသည်။ သူမ စတီယာရင်ကို အလျင်အမြန် လှည့်၍ ကား၏ လားရပ်ကို အတင်း ပြောင်းလိုက်သည်။

"တီ တီ တီ"

ခပ်လှမ်းလှမ်းမှနေ၍ နောက်ထပ် ထရပ်ကားတစ်စီးက Porsche ကားထံ ဦးတည်လာပြန်သည်။

"အခြေအနေ မကောင်းဘူး"

လင်းရှို့ရွှယ်က ကားထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ထို့နောက် ကားထဲတွင် တောက်ပသော အလင်းတစ်ချက် လက်သွားသည်။

"ဒါ ကျွန်မကားထဲမှာ ထည့်ထားတဲ့ ကျွန်မတို့ရဲ့ ကယ်ဆယ်ရေး သင်္ကေတလေ၊  ဒါက ကျွန်မရဲ့ လက်ရှိ တည်နေရာကို မိသားစုဆီ ချက်ချင်း ပို့ပေးပြီး အကူအညီပေးဖို့ အနီးအနားက လူတွေကို စေလွှတ်နိုင်တယ်"

လင်းရှို့ရွှယ်က ရှင်းပြလေသည်။

သူတို့ စကားပြောနေစဉ်မှာပင် လမ်းဆုံ၌ ထရပ်ကား နှစ်စီးက မတူသော ဘက်နှစ်ဖက်မှ ဦးတည်လာနေသည်။ လင်းရှို့ရွှယ် မတတ်သာသဖြင့် ဆက်လက်၍ လမ်းကြောင်း ပြောင်းနေရသည်။

လမ်းတစ်လျှောက်တွင် ထိုသို့သော အခြေအနေက ငါးကြိမ် ဖြစ်ပေါ်ခဲ့သည်။

လင်းရှို့ရွှယ်၏ လျင်မြန်သော အလိုအလျောက် တုံ့ပြန်မှုနှင့် ကျွမ်းကျင်သော ကားမောင်းစွမ်းရည် ကြောင့်သာ မဟုတ်လျင် ရလဒ်က နှစ်ယောက်လုံးအတွက် ဆိုးရွားပေလိမ့်မည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now