Chapter 108

801 90 1
                                    

Chapter 108 မကောင်းသော အခြေအနေ

[အဟမ်း ငါ့ကောင်တို့ အာရုံစိုက်ကြဦး၊ ဂိမ်းက စတော့မယ်၊ မဆိုင်တဲ့အရာတွေ မပြောနဲ့တော့]

ရဲ့လင်းချန်က အသာချောင်းဟန့်၍ ကူကယ်ရာမဲ့သော လေသံဖြင့် သူတို့ကို သတိပေးလိုက်သည်။

ဝူအာ၏ အသံက သူ့နားထဲတွင် ချိုမြိန်ပါ၏။ သို့သော် သူမက ထိုအသံဖြင့် သူ့အား အီစီကလီစီ ပြောလာလျင် ဖြေရှင်းရ ခက်ပေလိမ့်မည်။

အခြားသူများ ဘယ်လိုနေလဲ ရဲ့လင်းချန် မသိသော်လည်း သူကတော့ မခံနိုင်ပါ။

ဖန်သားပြင်၌ ဂိမ်းပွဲစတင်တော့မည့် စာပေါ်နေသည်။

[ဝိုင်နတ်ဘုရား နင် ဘယ် ဟီးရိုးကိုင်ဖို့ စဉ်းစားတာလဲ]

ကိုးလ် မေးလိုက်သည်။

[မဟုတ်မှ အခုထိ ရှဲဒိုးဖီးန်ပဲလား]

[ဟုတ်တယ် ငါ ရှဲဒိုးဖီးန်ပဲ သုံးဖို့ စဉ်းစားတယ်]

[ဝိုင်နတ်ဘုရား ရှဲဒိးဖီးန်က အရမ်း ကိုင်ရခက်တယ်၊ ပြိုင်ဘက်တွေကလည်း အသင်းလိုက် ကစားတာကို ကျွမ်းတယ်၊ ငါတို့ ဟီးရိုး ရွေးတဲ့နေရာမှာ ပိုသတိထားသင့်တယ်]

09 က လေးနက်သော အသံဖြင့် အကြံပေးလာ၏။

ရဲ့လင်းချန်က ရှဲဒိုးဖီးန်ကိုင်၍ ကစားခြင်းနှင့် ကျွမ်းကျင်ပြီး တော်ပါသော်လည်း ရှဲဒိုးဖီးန်က ရှဲဒိုးဖီးန်သာ ဖြစ်သည်။ ၎င်း၏ အားနည်းချက်များက သိသာသည်။ တစ်ကြိမ် ထိသည်နှင့် သုံးမရ ဖြစ်ပေမည်။

[စိတ်ချထားပါ]

ရဲ့လင်းချန်နှင့် အပြုံးနှင့် ပြောလိုက်သည်။

မကြာခင်မှာပင် သူတို့ ဟီးရိုးရွေးရမည့် အချိန် ရောက်လာသည်။

ဂျပန်ဘက်မှ ငါးယောက်လုံး၏ မျက်နှာတွင် စဉ်းလဲသော အပြုံးများ တွဲခိုနေ၏။

[သူတို့ကများ ငါတို့ကို လာလှောင်ရဲတယ်ပေါ့လေ၊ အကြံ အေကို ဖယ်လိုက်တော့၊ ငါတို့ သူတို့ကို နင်းချေ ပစ်ရမယ်]

DOTA တွင် ငါးယောက်တစ်ဖွဲ့ ဆော့ရသဖြင့် အသင်းလိုက် အရည်အချင်းက အလွန် အရေးပါ'။ ဟီးရိုး ရွေးချယ်ခြင်းက ပွဲ၏ ရလဒ်ကို ဆုံးဖြတ်နိုင်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now