Chapter 142

754 73 1
                                    

စာစဉ် 10 Chapter 142 တရုတ်နိုင်ငံ၏ ကိုယ်ပိုင် စူပါမန်း

ကလေးနှစ်ယောက်ကို မြင်သောအခါ ရဲ့လင်းချန် အံ့ဩသွားပြီးမှ ပြုံး၍ ပြောလိုက်သည်။

"ဟုတ်တယ် ကိုကြီးက စူပါမန်း"

"ကိုကြီးစူပါမန်း၊ ဒါဆို ... ကိုကြီးက သားတို့ကို ကယ်မလို့ လာတာလား"

ကောင်လေးက ရဲ့လင်းချန်ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေ၏။

"အင်း ဟုတ်တယ်"

ရဲ့လင်းချန် မျက်လုံးစပ်လာသလို ခံစားလိုက်ရသည်။ သူက ပြင်ဆင်ထားသည့် ရေစိုနေသော သဘက်နှစ်ထည်ကို ထုတ်၍ ကလေးနှစ်ယောက်ကို ပေးလိုက်သည်။

"ကိုကြီးစကားကို လိမ်လိမ်မာမာနဲ့ နားထောင်နော်၊ ဒီသဘက်နဲ့ မင်းတို့ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားကြ"

ကလေးနှစ်ယောက်က ဉာဏ်ကောင်းသည်။ သူတို့သည် အငိုရပ်၍ မျက်နှာကို သဘက်များဖြင့် အုပ်လိုက် ကြသည်။

ထို့နောက် ရဲ့လင်းချန်က သူ့ကုတ်အင်္ကျီကိုချွတ်၍ ကလေးနှစ်ယောက်ကို ရင်ဘတ်နှင့် ကျောတွင်ပိုး၍ အင်္ကျီဖြင့် ချည်လိုက်သည်။

ရဲ့လင်းချန် ဘာလုပ်နေသလဲ ဆိုသည်ကို အောက်ဘက်မှလူများ သေချာမမြင်ရချေ။ သူတို့ စိုးရိမ်တကြီးဖြင့်သာ ငြိမ်၍ ကြည့်နေကြသည်။

ထိုအခါတွင်မှ သူတို့ တစ်စုံတစ်ရာကို သတိပြုမိလာသည်။ ရဲ့လင်းချန်က အပေါ်ကို တက်နိုင်လျင်တောင်မှ ကလေး နှစ်ယောက်ကို ကယ်ရန် ဖြစ်နိုင်ချေ မရှိပေ။ သူ ပြန်ဆုတ်နိုင်မည့် လမ်းမရှိတော့ချေ။

တံခါးဘက်တွင် မီးများ ဝန်းရံနေပြီ ဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းက ပြတင်းပေါက်မှ ခုန်ချရန်သာ ဖြစ်သည်။

ထို့အပြင် အဲကွန်း၏ ကွန်ဒင်ဆာကလည်း သူ့ကြောင့် ယိုင်နဲ့နေပြီ ဖြစ်သည်။ ကလေး နှစ်ယောက် မဆိုထားနှင့် သူပင် ခြေချရန် နေရာမရှိပါ။

ထိုအခိုက်တွင် မီးတောက်က ပိုပို၍ ကြီးလာသည်။ မီးတောက်များက နံရံကို ခွင်း၍ အခန်းထဲ ဝင်စပြုလာ၏။ နံရံများက နီရဲလာပြီး အခန်းက မီးဖိုနှင့်ပင် သဏ္ဌာန်တူလာသည်။ အလွန်တရာ ပူပြင်း၍ အချိန်မရွေး ပျော်ကျတော့မည်ဟု ထင်မှတ်ရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora