Chapter 178

697 69 5
                                    

စာစဉ် 12 Chapter 178 ဆိုးရွားသော အစားအသောက်

အသားကင်အား စီစဉ်ထားသည့်အတိုင်း ရရှိလာသည်။

ရဲ့လင်းချန်၏ အကြည့်က ဘောလုံးပစ် ကစားနည်းဆိုင်ထံ ကျရောက်သွားသည်။

ဆိုင်ရှင်သည် သူ့အသက်ဓာတ် ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အကြည့်လွှဲ၍ တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

"လူ ... လူကြီးမင်း ခံစားချင်လို့လား၊ အ ... အမှန်အတိုင်း ပြောရရင် ဒီကစားနည်းက သိပ်ပျော်ဖို့ မကောင်းသလို ဆုကြေးကလည်း သိပ်မကောင်းပါဘူး ..."

နောက်ဆုံးတွင် ရဲ့လင်းချန် အလျှော့ပေးလိုက်သည်။

ထွက်သွားသော ရဲ့လင်းချန်၏ ပုံရိပ်ကို ကြည့်ပြီး ဆိုင်ရှင်သည် နဖူးမှ ချွေးစေးများကိုသုတ်၍ စိတ်သက်သာရာရကာ သက်ပြင်းချလေသည်။

ထိုလူက အတော်လေး ကြမ်းသောလူပင်။ သူ့အတွက် ရင်ဆိုင်ရန် မဖြစ်နိုင်သော တစ်စုံတစ်ယောက်ပင်။

အချိန်အတော်ကြာသောအခါ အပန်းဖြေဥယျာဉ်တစ်ခု၌ ကြမ်းကြုတ်သော လူတစ်ယောက် မွေးဖွားလာပြီး ဤကစားကွင်း၌ လှည့်လည်သွားလာခဲ့သည်ဟူသည့် ဒဏ္ဍာရီတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။

ဒဏ္ဍာရီအရဆိုလျင် သူသည် အရပ် ရှစ်ပေမြင့်ပြီး အလွန်အမင်း ချောမောကာ လှုပ်ရှားမှု မြန်ဆန်ပြီး ဆိုင်ရှင်အားလုံး၏ လေးစားခြင်း ခံရသည်ဟု ဆိုသည်။

သူက အနီရောင် ဂျက်ကတ်နှင့် ဦးထုပ်တို့ ဆောင်းထားပြီး ကလေးများအား လက်ဆောင်များ ဝေပေးပြီး သူတို့၏ ဆန္ဒများ ဖြည့်ဆည်းပေးသည်ဟု တစ်ချို့က ဆိုကြသေးသည်။ ကလေးများက သူ့အား အစ်ကို စုန့်တန်း (အစ်ကို ဆန်တာနှင့် အသံထွက်တူ) ဟု ခေါ်ကြသည်။

အဖွဲ့သည် ကစားကွင်း၌ ပျော်ရွှင်နေကြပြီးနောက် ပန်းခြံထဲသို့ လျှောက်သွားကြသည်။ ကွင်းပစ်ခြင်း အဖြစ်အပျက် ပြီးသွားကတည်းက ပျော်ရွှင်မြူးထူးသံများနှင့် ပြည့်နှက်နေ၏။

ရဲ့လင်းချန်က စကားသိပ်မပြောဘဲ သူတို့နောက်ကသာ ငြိမ်ငြိမ်သက်သက် လိုက်လာသည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က သူ့ပခုံးတစ်ဖက်တစ်ချက်ကို ဖက်တွယ်ထားကြသည်။ သူတို့၏ သေးငယ်သော လက်သည်း များက ရဲ့လင်းချန်၏ အဝတ်အစားကို တင်းကြပ်စွာ ကုပ်တွယ်ထားကာ မကြာခဏ မြူးထူးစွာ အော်ဟစ် ကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now