Chapter 165

702 71 3
                                    

စာစဉ် 11 Chapter 165 ဝိုင်၏ သီချင်းသစ်

တံခါးဖွင့်။

ရိုးရှင်းသော စကားလုံး သုံးလုံးက ချန်ရှောင်ယန်က နှလုံးခုန် မြန်လာစေသည်။ သူမအကြည့်က အခန်း တံခါးထံတွင် ကျရောက်နေပြီး စိုးရိမ်တုန်လှုပ်ဟန် ပေါ်နေသည်။

ထို့နောက် သူမ မတ်တပ်ထရပ်လိုက်ပြီး တံခါးနားသို့ လျှောက်သွားသည်။ သူမ အသက်ကို ပုံမှန်ရှူသွင်းလိုက်ပြီးမှ တံခါးဖွင့်လိုက်သည်။

သူမ ထင်ထားသည်နှင့် ခြားနားစွာပင် တံခါးအပြင်ဘက်၌ ဘယ်သူမှ ရှိမနေပါ။ ချန်ရှောင်ယန် တွေဝေသွားသည်။ ဘေးဘီကို ကြည့်သော်လည်း စင်္ကြံလမ်းက တိတ်ဆိတ်၍ လူရှင်းနေသည်ကို တွေ့လိုက်ရသည်။

သူမ ခေါင်းငုံ့လိုက်သောအခါ ခြေထောက်နားမှ စာတစ်စောင်ကို သတိထားမိသွားသည်။

*အခုထိ ရှင့်ကိုယ်ရှင် လူလုံးထွက်မပြသေးဘူးလား*

ချန်ရှောင်ယန် အနည်းငယ် စိတ်ပျက်သွားမိသည်။ သူမ စာရွက်ကို ကောက်ယူ၍ ဖွင့်ဖတ်လိုက်သည်။

စာရွက်ပေါ်မှ လက်ရေးက သူမ ဘယ်သောအခါမှ မေ့မသွားမည့် လက်ရေးပင်။ ယင်းမှာ ဝိုင်၏ လက်ရေး ပင်တည်း။

"ပထမဆုံးအနေနဲ့ နှစ်သိမ့်စကား ပြောချင်တယ်၊ စိတ်ဓာတ်မကျနဲ့၊ မင်းအရည်အချင်းက ကောင်းတယ် ... ပြီးတော့ ခေါင်းကို ငုံ့မထားနဲ့၊ မင်းရဲ့ သရဖူ ပြုတ်ကျသွားလိမ့်မယ်"

"နောက်တစ်ခုကတော့ ငါ မင်းကို ဒုတိယ သီချင်းတစ်ပုဒ် လက်ဆောင်ပေးချင်တယ်၊ ဒီသီချင်းက မင်းရဲ့ အရည်အသွေးကို ပြသနိုင်လိမ့်မယ်၊ ငါ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့"

ယခင်တစ်ခေါက်ကလိုပင် ဂီတ သင်္ကေတများနှင့် သီချင်းစာသား ပါလေသည်။

သီချင်းနာမည်မှာ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဝိုင်၊ ရှင် စိတ်မပျက်စေရပါဘူး"

ချန်ရှောင်ယန်သည် သီချင်းကို အထပ်ထပ် အခါခါ ဖတ်ပြီး စာသားများကို စိတ်ဝိညာဉ်အတွင်း လောင်မြိုက်သွား စေလုမတတ် မှတ်ထားလေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now