Chapter 200

1.1K 80 9
                                    

စာစဉ် 14 Chapter 200 တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ဂယက်ရိုက်ခြင်း

ကိုးလ်၏ စကားက ရဲ့လင်းချန်ကို အနည်းငယ် အံ့ဩသွားစေသည်။

"တကယ်လား"

ရဲ့လင်းချန် သေချာအောင် သိချင်နေသည်။

အစက သူ နောက်နေချင်းသာ ဖြစ်သည်။ တိုက်ရိုက် ထုတ်လွှင့်မှု၌ ပို၍ အရေးပါသော အချက်တစ်ခုမှ ထုတ်လွှင့်သူ ဖြစ်သည်။

သူ့အရည်အချင်းများက ပလက်ဖောင်းတစ်ခုလုံးကို ဆွဲခေါ်သွားရန် လုံလောက်ကြောင်း ရဲ့လင်းချန် ယုံကြည်ပါသည်။ နောက်ပိုင်းတွင် အနာဂတ်အတွက် အစွမ်းအစရှိသော ထုတ်လွှင့်သူများကို သူ လေ့ကျင့်ပေး နိုင်ပါသည်။ သို့သော် ယင်းက အလွန် အချိန်ကုန်ပြီး လုပ်အား စိုက်ထုတ်ရသည်။

ကိုးလ်သည် DOTA လောက၌ ခြွင်းချက်မရှိ ဦးဆောင်နေသော ထုတ်လွှင့်သူ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၌ အားပေးနေသော အမာခံ ပရိသတ်များ ရှိသည်။ အကယ်၍ သူမသာ ရောက်လာပါက ရဲ့လင်းချန် ထွေထွေထူးထူး စိတ်ပူနေရန် မလိုအပ်တော့ပါ။

"တကယ်"

ကိုးလ်က ရဲ့လင်းချန်ကို သေချာသော အဖြေကို ပြန်ပေးလေသည်။

"နင် ထွက်သွားတဲ့အချိန်က ငါ့စာချုပ် ကုန်ခါနီးဖြစ်နေတဲ့ အချိန်ပဲလေ၊ ဒါပေမဲ့ ငါ အသစ် ပြန်မချုပ်ထားဘူး"

ရဲ့လင်းချန် နှုတ်ခမ်းကိုစေ့၍ တစ်ခဏမျှ ငြိမ်နေသည်။

"ဒီပလက်ဖောင်းက ရက်စက်လွန်းတယ်၊ ငါ ဒီမှာ မနေနိုင်ဘူး"

ကိုးလ်က ရှင်းပြပြီး ဆက်ပြောလေသည်။

"အခု ငါက အလုပ်မရှိ ဖြစ်နေတော့ သူဌေးကြီး ဝိုင်နတ်ဘုရားက ကျွန်မကို ခေါ်ချင်စိတ် ရှိမလား သိချင်မိတယ်"

"ဒါပေါ့ ပြဿနာ မရှိဘူး"

ရဲ့လင်းချန် ချက်ချင်း ပြောလိုက်သည်။

"မင်း ဟူယွီမှာ တိုက်ရိုက်ထုတ်လွှင့်တုန်းက ဘယ်လောက် ရတယ်"

"အင်း ... ဒီပလက်ဖောင်းက အခုမှ စတာဆိုတော့ ငါ့ကို သာမန် ထုတ်လွှင့်သူအဖြစ်ပဲ ထားလိုက်ပါ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now