Chapter 69

1K 118 5
                                    

Chapter 69 ဟိုမှာ စူပါမန်း

"အား ... ငါ့အိတ်၊ သူခိုး သူခိုး၊ ကူညီကြပါဦး"

ထိုသို့သောအချိန်၌ အေးချမ်းသော ညအချိန်တွင် သံကုန်မြှင့်၍ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဝူး"

ချက်ချင်းဆိုသလိုပင် မော်တော်ဆိုင်ကယ် တစ်စီးက အမှောင်ထုထဲမှ တစ္ဆေတစ်ကောင်သဖွယ် လျင်မြန်စွာ မောင်းနှင်သွားသည်။

"ဝူးဟူး ... ငါ သွားပြီဟေ့၊ မင်းတို့ ဖမ်းနိုင်ရင် လိုက်ဖမ်းကြ"

မော်တော်ဆိုင်ကယ်ပေါ်မှ ဆိုင်ကယ်ဦးထုပ်နှင့် လူနှစ်ယောက်က ပမာမခန့် ရယ်မောနေ၏။

"ဒီသူခိုးတွေကို တစ်ယောက်ယောက် ကူဖမ်းပေးကြပါဦး၊ ဆိုင်ကယ်ဓားပြတွေ"

မကြာခင်မှာပင် မိန်းကလေးတစ်ယောက်က သူ့မြင်ကွင်းထဲသို့ ဒယိမ်းဒယိုင်ဖြင့် ဝင်ရောက်လာပြီး လျင်မြန်စွာ မောင်းနှင်သွားသော မော်တော်ဆိုင်ကယ်အား စိုးရိမ်တကြီး စိုက်ကြည့်နေသည်။

သူမ၏ အော်သံကြောင့် လူတော်တော်လေး စုဝေးရောက်ရှိလာသော်လည်း ဆိုင်ကယ်အား ဘာမှမတတ်နိုင်ဘဲ ကြည့်ရုံသာ ကြည့်နေရသည်။

ထိုစဉ် ခပ်ဝါးဝါး ပုံရိပ်တစ်ခုက လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ လူစုသည် ပုံရိပ်တစ်ခုက ဆိုင်ကယ်အနောက်သို့ လေသဖွယ် ပြေးလိုက်သွားသည်ကို ခပ်ဝါးဝါးသာ တွေ့လိုက်လေသည်။

"ဟာ လခွမ်း ဘာကြီးလဲ၊ စူပါမန်းလား"

လူစုသည် ငိုင်တွေတွေ ဖြစ်သွားကြသည်။ထို့နောက် အမှောင်ထုအတွင်း၌ အနက်ရောင် အရိပ်တစ်ခုက လျင်မြန်စွာ ပြေးလွှားနေသည်ကို သူတို့ တွေ့လိုက်ရသည်။

ထိုအရိပ်သည် လမ်းမထက်မှ မလိုက်ဘဲ ပန်းခြံတွင်းမှ လမ်းကြောင်းများကိုသာ အသုံးပြုလေသည်။ သို့သော် သူ တွေ့ရသည့် အဟန့်အတား တစ်ခုချင်းစီတိုင်းအား တစ်ကြိမ်ခုန်ရုံနှင့် ကျော်လွှားနိုင်နေသည်။ သစ်ပင်တစ်ပင်ကို သူ ခြေလှမ်း အနည်းငယ်မျှလောက်ဖြင့် ခုန်ကျော်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now