Chapter 145

718 67 0
                                    

စာစဉ် 10 Chapter 145 ဘတ်စကတ်ဘော အဖွဲ့အစည်း၏ ဖိတ်ကြားမှု

*ငါ ဘယ်သူလဲ*

*ငါ ဘယ်ရောက်နေတာလဲ*

*ငါ ဘာလုပ်နေတာလဲ*

ရဲ့လင်းချန် ယခုလောက် တစ်ခါမှ နားဝေတိမ်တောင် မဖြစ်ဖူးပါ။ သူ့အတွေးထဲ ဗလာဖြစ်နေပြီး နေရာမှာတင် ကြက်သေ သေနေမိသည်။

တစ်ချိန်တည်းမှာပင် ရီဝေနေသော မျက်လုံးတစ်စုံက အံ့ဩနေပြီးမှ ကြောက်လန့်လာကာ အလန့်တကြား ဖြစ်လာပြီးနောက် အလွန် စူးရှသော အသံဖြင့် အော်ဟစ်လေတော့သည်။

"အားးးးးးး"

လီမူရွှယ် ပျာယာခတ်လာပြီး မျက်နှာ နီရဲကာ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

ထိုအော်သံက ရဲ့လင်းချန်က အသိ ပြန်ဝင်လာစေ၏။ သူ တုံ့ဆိုင်းမနေဘဲ ချက်ချင်း အောက်သို့ ပြန်ခုန်ချ၍ လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

"ငါ့ကို လူမိသွားပြီ၊ ပြေး"

ရဲ့လင်းချန်က ရှောင်ဟွေနှင့် ရှောင်ချင်ကို အချက်ပြလိုက်သည်။ လူတစ်ယောက်နှင့် သူ၏ ဝံပုလွေ နှစ်ကောင်တို့သည် အရိပ်ပင် မမြင်ရအောင် သုတ်ခြေတင် ပြေးကြလေသည်။

"အစ်မ မူရွှယ် ဘာဖြစ်လို့လဲ၊ ကျွန်မ နာအောင် လုပ်မိလို့လား"

ဟွမ်ရှောင်မန်သည် သွေးပျက်နေသော လီမူရွှယ်ကို ကြည့်၍ စိုးရိမ်တကြီး မေးလိုက်သည်။

"ငါ ... ငါ ခုနက ရဲ့လင်းချန်ကို မြင်လိုက်တယ်"

လီမူရွှယ် ငိုချလုနီးပါး ဖြစ်နေ၏။

"ဘာ..."

ဟွမ်ရှောင်မန် ထိတ်လန့်သွားသည်။

"ဘယ်မှာလဲ"

လီမူရွှယ်က ပြတင်းပေါက်ကို လက်ညှိုးထိုး၍ ငိုနေသော အသံဖြင့် ပြန်ပြောသည်။

"အဲ့ပြတင်းပေါက်နားမှာ၊ ငါတို့ ဘာလုပ်ကြမလဲ၊ သူ အားလုံးကို မြင်သွားမှာပဲ"

ဟွမ်ရှောင်မန် လှည့်ကြည့်လိုက်သော်လည်း ရဲ့လင်းချန်၏ အရိပ်အယောင်ကို လုံးဝ မမြင်ပေ။ သူမ မယုံသင်္ကာဖြင့် ပြန်မေးလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now