Chapter 65

1K 127 0
                                    

Chapter 65 တိုက်ရိုက်ထုတ်လွှင့်ခြင်း အခန်းနှစ်

စုန့်ချမ်က ပြောချင်သော သတင်းစကားကို မနားတမ်း ပြောလိုက်ပြီးနောက် ရဲ့လင်းချန် ပြန်ဖြေသည်ကို ငြိမ်သက်စွာ စောင့်နေလိုက်သည်။

သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဟူယွီ၏ ဒုဥက္ကဋ္ဌ ဖြစ်သောကြောင့် သူ့၌ ဤသို့ ပါရမီရှင်များကို မြင်တတ်သော အမြင် ရှိပါသည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို နားထောင်ပြီးနောက် သူ၏ ပထမဆုံး ထင်မြင်ချက်မှာ ဤဝတ္ထုက သေချာပေါက် ရေပန်းစားလိမ့်မည်ဟု မြင်မိ၏။

စူပါ့စူပါ ပေါက်မည့် ဝတ္ထုပင်။ ထို့ကြောင့် အခြားသူများ ဝတ္ထုတွင်း၌ နစ်မြောနေချိန်တွင် သူက အရေးအကြီးဆုံးအရာကို တွေးမိသွားသည်။ ၎င်းမှာ မူပိုင်ခွင့်ပင်။

ယခု ပလက်ဖောင်း၏ စွမ်းဆောင်ရည်က TikTok ကြောင့် အထိနာနေပြီး အခြေအနေ သိပ်မကောင်းချေ။ သူတို့ ကျော်ကြားမှု ရရှိရန် မျက်စိဖမ်းစားနိုင်မည့် တစ်စုံတစ်ခုကို အသည်းအသန် လိုအပ်နေသည်။

အကယ်၍ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ရဲ့လင်းချန် ပြောသလို ကောင်းနေမည်ဆိုလျင် နောက်ပိုင်း၌ ပို၍ စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။ သူ ယင်းအတွက် လောင်းကြေးစားကြေး လုပ်ချင်ပါသည်။

"ရတယ်"

စုန့်ချမ် ကြာကြာ မစောင့်လိုက်ရချေ။ ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ဖြေလာ၏။

"ဟားဟား မင်းက တော်တော် ရိုးသားတာပဲ၊ ငါ စာချုပ်အကြမ်းကို မြန်နိုင်သမျှ မြန်မြန် ပြင်ထားလိုက်မယ်"

စုန့်ချမ် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။

*ဟူယွီရဲ့ တစ်ကျော့ပြန် ခေတ်စားခြင်းက ဒီအပေါ် မူတည်နေပြီ*

အဆောင်တွင်း၌ ယောက်ျားလေးဆောင် တစ်ခုလုံး လင်းထိန်နေကာ အလွန် သက်ဝင်လှုပ်ရှားနေ၏။ အားလုံးက စိတ်လှုပ်ရှားစွာ တစ်စုံတစ်ခုကို ဆွေးနွေးနေလေသည်။ ရဲ့လင်းချန် နားကိုစွင့်၍ ခိုးနားထောင် လိုက်မိသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now