Chapter 186

662 69 2
                                    

စာစဉ် 13 Chapter 186 ဖမ်ဟမ် မျက်ရည်ဝဲလာခြင်း

ဖမ်ဟမ်က စိတ်လှုပ်ရှားနေသော ကျန်းဟဲကို တစ်ချက်ကြည့်၍ ရုတ်တရက် မေးလေသည်။

"မင်း အဲ့လောက် ယုံကြည်မှုရှိတာလား"

"ဆရာ ကျွန်တော် အမှန်ကို ပြောနေတာပါ"

ကျန်းဟဲက သူ့ကိုယ်သူ ကာကွယ်ပြောဆိုသည်။ စိတ်လှုပ်ရှားနေသော သူ့အခြေအနေကြောင့် သူ့မျက်လုံးများက မျက်ရည်ပင် ဝေ့နေသေးသည်။

"သူ့ဆီမှာ ကျွန်တော် တရုတ်နိုင်ငံ ဘတ်စကတ်ဘောရဲ့ မျှော်လင့်ချက်ကို မြင်နေရတယ်"

ယခုတစ်ခေါက်တွင် ဖမ်ဟမ်သည် သူ့ကို ပြန်၍ ငြင်းမနေတော့ဘဲ ချင်ယွမ်ကိုသာ လှမ်းကြည့်လိုက်သည်။ ထို့နောက် ပြိုင်ကွင်းဘက်သို့ အကြည့်ပြန်လွှဲလိုက်လေသည်။

"ဘုတ် ဘုတ် ဘုတ်"

ဘောလုံးကို ပုတ်နေသော အသံက တဖြည်းဖြည်း တိုတောင်းလာပြီး ရဲ့လင်းချန် လှုပ်ရှားလာသည်။

ရဲ့လင်းချန်ကို တစ်ချိန်လုံး စောင့်ကြည့်နေသည့် ချမ်ရှန်ကလည်း လှုပ်ရှားလာလေသည်။ ရဲ့လင်းချန်အား သူ့ခံစစ်ကို ထိုးဖောက်ခွင့် ပြုမည် မဟုတ်ပါ။

သို့သော် တစ်ခဏအတွင်းမှာပင် ရဲ့လင်းချန်က ရုတ်တရက် အရှိန်မြှင့်လာပြီး တစ်ဖက်သို့ လှည့်လာသည်။ ဘေးသို့ ရှောင်တိမ်းလိုက်သည့် ခြေလှမ်းနှင့်အတူ ဘောလုံးကိုပုတ်၍ ချမ်ရှန်၏ ဘေးမှ အလွန်ပုံမှန်မဟုတ်သော ကိုယ်ဟန်ဖြင် ဖြတ်ကျော်သွားလေသည်။

ထိုအခိုက်တွင် ချမ်ရှန်သည် သူ့အရှိန်ကြောင့် ဟန်ချိန်ပျက်သွားပြီး ဘေးသို့ တစ်ကိုယ်လုံး ယိုင်ကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။

ရဲ့လင်းချန်က လက်ကိုမြှောက်၍ ခြေဖျားထောက် ခုန်လိုက်ပြီး ဘောလုံးကို လှမ်းပစ်လိုက်သည်။

"ဘုတ်"

ဘောလုံးက ပိုက်ကွန်ထဲသို့ ဝင်သွားပြီး ကြမ်းပြင်ပေါ် ကျလာသည်။ ၎င်းအသံက လူတိုင်း၏ ရင်ထဲ၌ တူဖြင့် ထုချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး အားလုံး အသက်ရှူ မြန်လာသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now