Chapter 106

889 84 1
                                    

Chapter 106 ဂိမ်းဗိုလ်လုပွဲ

[ချီးပဲ နောက်ဆုံးတော့ ဝိုင်နတ်ဘုရား ပြန်ဖြေလာပြီ]

[မြတ်စွာဘုရား အဲ့ဒါက တိုက်ရိုက်ထုတ်လွှင့်ခြင်း လောကကို တုန်လှုပ်စေတဲ့ ကြီးမားတဲ့ ဖြစ်ရပ်ကြီးလေ၊ မင်း ဘယ်လိုလုပ် မသိရတာလဲ]

[ဝိုင်နတ်ဘုရား မသိဘူးလား၊ ထုတ်လွှင့်ရေး ပလက်ဖောင်းရဲ့ ပင်မစာမျက်နှာကို မြန်မြန်ကြည့်ကြည့်]

[ဝိုင်နတ်ဘုရား လှုပ်ရှားတော့မှာလား၊ သူတို့ကို လုပ်လိုက်တော့]

[ဝိုင်နတ်ဘုရား တစ်ယောက်ယောက်က ခင်ဗျားကို စိန်ခေါ်နေပြီ၊ ခင်ဗျား စိန်ခေါ်ပွဲထဲ ပါမှာလား]

...

ရဲ့လင်းချန် ထုတ်လွှင့်ရေး ပလက်ဖောင်းကို သွား၍ ပင်မစာမျက်နှာကို ကြည့်ကြည့်လိုက်သည်။ ဖန်သားပြင် တစ်လျှောက်တွင် ထိပ်ဆုံးသို့ ရောက်နေသော အနီရောင် စာတန်းကြီး တစ်ခုကို တွေ့လိုက်ရ၏။

ဤသို့ ပလက်ဖောင်းတစ်ခွင်၌ ပြသထားသည့် စာတန်းမျိုးသည် အနည်းဆုံး တစ်နာရီကို ယွမ်တစ်သောင်းမျှ ကုန်ကျသည်။ ထိုသို့သောအချိန်၌ စာတိုများက ထပ်ခါထပ်ခါ ပေါ်နေသည်။

[တရုတ်ပြည်ရဲ့ DOTAက ဘာမှမဟုတ်ဘူး၊ တင်ဆက်သူအားလုံးက အမှိုက်တွေပဲ၊ အဲ့လူသစ် ငါးဆားနုံ ဝိုင်နတ်ဘုရားလို့ ကြောက်လို့ ပုန်းနေပြီ၊ သူ့ကိုယ်သူတောင် ထွက်မပြရဲဘူး၊ ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ]

တစ်ခါတရံတွင် အချို့သော မျိုးချစ်စိတ် ထက်သန်သူများက စာတန်းနေရာကို ဝယ်ယူ၍ ဂျပန်နိုင်ငံနှင့် အငြင်းအခုံ ပြုကြသည်။

*ဘာလဲဟ*

*ဂျပန်က တရုတ်ပြည်ကို DOTA ပိုင်းမှာ စိန်ခေါ်တာလား*

ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးနေပြီးနောက် ကိုးလ်ကို ခေါ်လိုက်သည်။

"ပလက်ဖောင်းပေါ်က စာတန်းက ဘာဖြစ်တာလဲ"

ရဲ့လင်းချန် အာလာပ သလာပတွေ ပြောမနေဘဲ လိုရင်းကိုသာ တန်းမေးလိုက်သည်။

"အဲ့ဒါ ဂျပန်က တင်ဆက်သူ ငါးယောက်လေ၊ သူတို့က အဖွဲ့ဖွဲ့ပြီး တရုတ်ပြည်ကို DOTAနဲ့ စိန်လာခေါ်တာ၊ ဒီထုတ်လွှင့်ရေး ပလက်ဖောင်းမှာ သူတို့ နာမည်ကျော် တင်ဆက်သူ တစ်ယောက်ပြီး တစ်ယောက် ဝင်လာ နေကြတယ်၊ ငါတို့နိုင်ငံက ဘယ်သူမှ သူတို့ကို မယှဉ်နိုင်တော့ သူတို့ကိုယ်သူတို့ မာန်တက်နေကြတာ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now