Chapter 107

826 82 0
                                    

Chapter 107 ခွေးများကို သနားခြင်း

"ဘာ ... ရှင် ရူးနေပြီ"

ကျိုးမင် အံ့အားသင့်သွားသည်။ သူမက စုန့်ချမ်ကို စိုက်ကြည့်လိုက်သည်။

"ရှင် ဘာလုပ်နေသလဲ သိရဲ့လား"

"ဒါပေါ့ ငါ သိတာပေါ့"

စုန့်ချမ်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

"ဒါ ငါတို့ ထုတ်လွှင့်ရေး ပလက်ဖောင်းအတွက် တစ်သက်မှာ တစ်ကြိမ်ပဲ ရနိုင်မယ် အခွင့်အရေးပဲ"

"အခွင့်အရေး ဟုတ်လား"

ကျိုးမင် ဒေါသထွက်သွားသည်။

"သူ ရှုံးသွားရင် ကျွန်မတို့ ပလက်ဖောင်း ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေကို‌ရော ရှင် စဉ်းစားပြီးပြီလား"

"ဝိုင်နတ်ဘုရားနဲ့ တရုတ်နိုင်ငံရဲ့ ဂိမ်း အဖွဲ့အစည်းကို ငါ ယုံတယ်"

စုန့်ချမ်က ဆုံးဖြတ်ချက်ချထားသော အသံဖြင့် ပြန်ပြောလိုက်သည်။

"ရှောင်ကျန်း ငါ ပြောတဲ့အတိုင်းလုပ်"

စုန့်ချမ်၏ လှုပ်ရှားမှုကြောင့် အဖြစ်အပျက်က အမြင့်ဆုံးအထိ ထိုးတက်သွားသည်။ ခဏကြာသော် မရေတွက် နိုင်သော ကြည့်ရှုသူများက တစ်ဆင့်စကားဖြင့် ကြားပြီး ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုထဲသို့ ရောက်လာကာ အားပေးကြလေသည်။

[ဝိုင်နတ်ဘုရားက ပြန်ဆော့နေပြီလား၊ ငါ မစောင့်နိုင်တော့ဘူး]

[သူ ဂျပန်နိုင်ငံကို ရင်ဆိုင်မလို့လား၊ သူ ရှုံးရင်တော့ ငါ မုန်းမိမှာပဲ]

[မင်း နိုင်မှဖြစ်မယ်၊ ဝိုင်နတ်ဘုရား အကောင်းဆုံးလုပ်ပါ]

ထိုအခါ ဂျပန်နိုင်ငံမှ ငါးယောက်ကလည်း ထုတ်လွှင့်ရေး ပလက်ဖောင်းပေါ်မှ ပြန်တုံ့ပြန်လာ၏။

[အဲ့ဒီ ငကြောက်ကောင် ဝိုင်နတ်ဘုရား ပေါ်လာပြီလား၊ ငါတို့နိုင်ငံက သူ့ကို သင်ခန်းစာ ပေးမှပဲ]

ရဲ့လင်းချန်က ဖြုံပင်မဖြုံချေ။

[အရေးမပါတာတွေ ပြောမနေနဲ့၊ စလိုက်တာပေါ့]

ရည်းစားစာနှင့် ကျန်လူများသည်လည်း ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီး ဤဗိုလ်လုပွဲ၌ ရဲ့လင်းချန်နှင့် ပူးပေါင်းရန် သဘောတူလိုက်ကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Où les histoires vivent. Découvrez maintenant