Chapter 70

1.1K 143 1
                                    

Chapter 70 ဉာဏ်ကောင်းသော ဝံပုလွေပေါက်လေးများ

နောက်ဆုံးတွင် လေးကြိမ်မြောက် လေ့ကျင်မှုအရောက်တွင် ရဲ့လင်းချန်သည် သူ၏ အသက်ရှုပုံမှနေ၍ ချီစွမ်းအင်က လက်သီးတွင်း စီးဆင်းနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်မိသည်။

ဤချီစွမ်းအင်လှိုင်းက ထူးဆန်းလှသည်။ ခံစားမိသော်လည်း ထိတွေ့၍ မရနိုင်ပေ။ လက်သီးထဲသို့ စီးဝင်လာသောအခါ နွေးထွေးသော ခံစားချက်ကို ရလိုက်သည်။

ရဲ့လင်းချန်၏ လက်သီးတွင် ချီစွမ်းအင် ပိုပို၍ စုစည်းလာသောအခါ လက်သိးတစ်ခုလုံးက မီးတောက်သဖွယ် နီရဲကာ ပူလောင်လာ၏။

တစ်ခဏကြာသော် ရဲ့လင်းချန် မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်၍ လက်သီးဖြင့် အရှေ့သို့ ထိုးနှက် လိုက်သည်။

ထိုချီစွမ်းအင်လှိုင်းက ဆူနာမီရေလှိုင်းသဖွယ် အရှေ့သို့ တိုက်ခတ်သွားသည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရဲ့လင်းချန်နှင့် ငါးမီတာ အကွာ၌ ရှိသော ကြီးမာသော ကျောက်ဆောင် တစ်ခုသည် လက်သီးချက်မိကာ အပေါက်တစ်ခု ဖြစ်သွားလေသည်။

*မြတ်စွာဘုရား*

ရဲ့လင်းချန်ကိုယ်တိုင်တောင်မှ ထိတ်လန့်သွားသည်။ ၎င်းသည် လေကိုခွင်း၍ ထိုးနှက်လိုက်သော လက်သီးချက် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကိုသာ ထိမှန်သွားပါက သေသွားလောက်သည်။

*ဒါ ... ဒါ သောက်ရမ်းမိုက်တယ်ဟ*

ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်နေ၏။ ဤသည်က ပထမအကြိမ် လေ့ကျင့်မှုသာ ရှိသေးသည်။ ထပ်မံ၍ လေ့ကျင့် ပြီးလျင် သူ့လက်သီးချက်နှင့် ကျည်ဆံကြား၌ အဘယ်သို့သော ခြားနားမှုမျိုး ရှိလာမည်နည်း။

ထို့အပြင် ဤစွမ်းရည်က အခြေခံအဆင့်သာ ရှိသေးသည်။ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်သို့သာ ရောက်သွားသော အချိန်ရောက်လျင် သူ တကယ်ပင် စူပါလူသားတစ်ယောက် ဖြစ်လာနိုင်ပေသည်။

အစောပိုင်းက လှုပ်ရှားမှုက အတော်လေး လူသတိထားမိစေနိုင်သည်။ သူ့ကိုယ်သူ အလျင်အမြန် စိတ်တည်ငြိမ်အောင် လုပ်၍ ဤနေရာမှ ထွက်လာလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now