Chapter 188

663 76 2
                                    

စာစဉ် 13 Chapter 188 Top Voice ၏ လက်ရှိအခြေအနေ

သက်တမ်းရင့် ဂီတပရိသတ်တစ်ဦး ဖြစ်သည်နှင့်အညီ ရှောင်ဟိုင်၌ သူ့အသိုင်းအဝိုင်း ရှိလေသည်။

သူ၏ အွန်လိုင်းအိုင်ဒီက ပင်လယ်သံ ဖြစ်ပြီး သူ၏ နာမည်ပြောင်ဖြစ်သော ပင်လယ်မြွေနဂါးနှင့်လည်း နာမည် ကြီးသည်။ အကြောင်းမှာ သူ၏ စကားလုံးများက ရင့်သီးလွန်းသောကြောင့်ပင်။

ပုံမှန်အားဖြင့် သီချင်းအနည်းငယ်မျှသာလျင် သူ၏ စိတ်ဝင်စားမှုကို ရရှိနိုင်သည်။ သူ ချသော ဝေဖန်ချက်များ အားလုံးက ပစ်ပစ်ခါခါဖြစ်ပြီး ရင့်သီးလှသည်။ သို့သော် သူ ညွှန်းဆိုသော သီချင်းများက လက်ရာကောင်းများ ဖြစ်သဖြင့် သူ ကျော်ကြားမှုအချို့ ရလာခဲ့သည်။

သူ ညွှန်းဆိုသော စကားကို တင်လိုက်သည်နှင့် ချက်ချင်း အာရုံစိုက်မှု ခံရလေသည်။

[ဟဲဟဲ ပင်လယ်မြွေနဂါးက ဘယ်တုန်းက ဒီလို ကြော်ငြာပေးတတ်သွားတာလဲ]

[ဝိုင်ကိုယ်တိုင် ရေးပြီး ကိုယ်တိုင်ဆိုတယ်တဲ့လား၊ မင်း ငါ့ကို နောက်နေတာလား]

[ပင်လယ်မြွေနဂါး မင်းကများ ငါ လေးစားရတဲ့ ဝိုင်ကို နာမည်ဖျက်ရဲတယ်ပေါ့လေ၊ တော်ပြီ ... ငါ မင်းကို မုန်းတဲ့သူပဲ လုပ်တော့မယ်]

[သုံးသပ်ချက် ပြီးပြီ၊ ပို့စ်ပိုင်ရှင်က ငတုံးပဲ]

[ဒါ ဘာသီချင်းလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး]

...

ပုန်းကွယ်နေသော အသုံးပြုသူ တော်တော်များများက ရှောင်ဟိုင်ကို ဆေးထိုးလေတော့သည်။ သူ့ပို့စ်၌ အမုန်းစကားများနှင့် ပြည့်နေသည်။

သီချင်းတစ်ပုဒ်ကို ဤမျှ ချီးကျူးနေသည်ကပင် ဆိုးရွားနေပြီဖြစ်သော်လည်း သူက ဝိုင်ကိုပါ ထည့်ပြောလာသည်။ ယင်းက သူ့ဘာသာသူ သေတွင်းတူးနေခြင်းပင်။

ယခုအချိန်၌ အဆိုတော်ဝိုင်တွင် ပရိသတ် ဘယ်လောက်များများ ရှိနေသလဲဆိုတာ သူ မသိဘူးလား။

မုန်းတီးသော မှတ်ချက်များအပြင် တစ်ချို့က လူတစ်ချို့ဟူသော သီချင်းကို သိချင်စိတ်ဖြင့် စမ်းစစ်ကြည့် ကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now