Chapter 161

705 63 0
                                    

စာစဉ် 11 Chapter 161 နတ်ဘုရားများကို သုတ်သင်ခြင်း သက်ရောက်မှု

"အလုပ်ထွက်လိုက်တာလား"

ဤသို့သော အဖြေမျိုး ရလာလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။

"ဟုတ်တယ်"

စုန့်ချမ်က ဆက်ပြောသည်။

"ဝိုင်နတ်ဘုရား အခုလို ဖြစ်သွားရတဲ့အတွက် ငါ တောင်းပန်ပါတယ်၊ ဟူယွီက ရာထူးကြီးပုဂ္ဂိုလ်တွေက အဲ့လောက် ရက်စက်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်းက ဟူယွီကို ကျဆင်းတော့မယ့် အခြေအနေက ကယ်ခဲ့ပင်မယ့် သူတို့က မင်းကို ဒီလိုမျိုးတောင် ပြန်ဆက်ဆံခဲ့တယ်"

"သူတို့ ဒီလို မရိုးမဖြောင့် လုပ်ရဲရတဲ့ အဓိက အကြောင်းရင်းက ကျုပ်ရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းရဲ မူပိုင်ခွင့် တစ်ဝက်ကို သူတို့ ပိုင်ထားလို့ မဟုတ်လား"

ရဲ့လင်းချန် လှောင်ရယ်လိုက်သည်။

"အမှန်ပဲ"

စုန့်ချမ် ခေါင်းညိတ်သည်။

"ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက မင်းရဲ့ လက်ရာကောင်းလို့ သူတို့ အမြဲတမ်း တွက်ထားကြတယ်၊ မင်းက ပလက်ဖောင်းနဲ့ မူပိုင်ခွင့်ကို မျှဝေပေးထားပင်မယ့် ပလက်ဖောင်းက မင်းစာအုပ်ကို သူတို့ ပိုင်တယ်လို့ ယူဆထားတာလေ၊ အဲ့ဒါကြောင့် မင်း ဘာဖြစ်ဖြစ် သူတို့ အရေးမစိုက်တာ"

"ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနဲ့ သူတို့ ဘာလုပ်ဖို့ စဉ်းစားထားလဲ ခင်ဗျား သိလား"

"သူတို့ မူပိုင်ခွင့် လျှောက်ဖို့ ပြင်ထားပြီးပြီ၊ ပြီးရင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို သုံးပြီး ထုတ်လွှင့်ရေးကနေ ဂိမ်းတွေ ရုပ်ရှင်တွေ ဖြန့်တော့မှာ"

စုန့်ချမ်က အတွင်းသတင်းအချို့ကို သိထားပြီးသား ဖြစ်သည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ရေးသားသူက ဝိုင်နတ်ဘုရား ဖြစ်သော်လည်း သူက ပလက်ဖောင်းမှ ပိတ်ပင်ခံခဲ့ရသည်။ ထို့ကြောင့် ပလက်ဖောင်းက ၎င်းကို သူတို့ ပိုင်ဆိုင်မှုဟု သတ်မှတ်ပြီး သူ့ကို ရိုင်းစိုင်း ယုတ်မာသော အပြုအမူဖြင့် ရှင်းထုတ်ကာ အကျိုးအမြတ် ရယူလေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now