Chapter 192

743 67 2
                                    

စာစဉ် 13 Chapter 192 တွေ့ဆုံခြင်း

"အရာရှိရှု ခင်ဗျားကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး"

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

ယနေ့တွင် ရှုနန်က အဖြူနှင့် မီးခိုးရောင်အကွက် တီရှပ်ကို တတ်ဆင်ထားပြီး သူမ၏ ဆံပင်တိုတိုကို ဘယ်ဘယ်ကို စောင်း၍ ဖီးထားသည်။ သူမက အမြဲလိုလို ရဲရင့်နေကာ ရဲဝတ်စုံ ဝတ်ထားသည်ထက် ပို၍ ဆွဲဆောင်မှု ရှိနေ၏။

"ငါ့ကို ဒီမှာ အရာရှိရှုလို့ မခေါ်နဲ့"

ရှုနန်က ရဲ့လင်းချန်ကို တစ်ချက် စိုက်ကြည့်လေသည်။

အစ်ကိုနဂါးကို ဖမ်းမိပြီးနောက် သူမအောင်မြင်မှုအတွက် ချီးကျူးခံရပြီး ဌာနက ဆုအနေဖြင့် အားလပ်ရက်ရှည် ပေးလေသည်။

"ဒါဆို ခင်ဗျား ဒီကို အားလပ်ရက်အတွက် သက်သက် လာတာလား၊ ဒါမှမဟုတ် ခင်ဗျား သူလျှိုလာလုပ်တာလား"

ရဲ့လင်းချန်က စနောက်၍ ရယ်လေသည်။

လက်ဝှေ့အားကစားခန်းမသည် ဥပဒေမဲ့သော နေရာ မဟုတ်သော်လည်း ကောင်းသော နေရာဟုလည်း မခေါ်နိုင်ပါ။

"ငါက ဘာလို့ ဒီကို လာခွင့်မရှိရမှာလဲ"

ရှုနန်က မကျေမနပ် ပြောလေသည်။

"ဒါက နိုင်ငံခြားသား ဖွင့်ထားတဲ့ လက်ဝှေ့အားကစားခန်းမလို့ ငါ ကြားခဲ့လို့လေ၊ လက်ဝှေ့က ကြားနေရတဲ့ သတင်းလို အင်အားကြီးလားဆိုတာကို ငါ အမြဲ စစ်ဆေးချင်ခဲ့တာ"

တစ်ခဏမျှ ရပ်သွားပြီးမှ ရှုနန်က ဆက်ပြောလေသည်။

"ဟုတ်သားပဲ အရင်တုန်းက အဖြစ်အပျက်အတွက် ငါ နင့်ကို ကျေးဇူးတင်ရမယ်၊ ဟီးဟီး နင့်ကျေးဇူးကြောင့် ငါ အောင်မြင်မှု ရလာတာ"

လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသော အမှုနှစ်ခုလုံးက ရဲ့လင်းချန်ကြောင့် ဖြေရှင်းနိုင်ခဲ့သည်။ ရဲ့လင်းချန်က သူမ၏ ကံကောင်းစေသော ကြယ်ဖြစ်သည်ဟု ရှုနန် တွေးမိသွားသည်။

"ဒါ တိုက်ဆိုင်သွားရုံသက်သက်ပါပဲ၊ လူတိုင်းက လူ့အသက်ကို ကယ်နိုင်တာပဲလေ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now