Chapter 189

682 82 3
                                    

စာစဉ် 13 Chapter 189 သမိုင်း၌ အဆိုးဆုံး ကြည့်ရှုသူနှုန်းထား

တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်ကို သပိတ်မှောက်ခြင်းက ဒါရိုက်တာကျိုး မျှော်လင့်ထားသည်ထက်ပင် ကြီးမားနေ၏။ သူ တစ်ကိုယ်တည်း လမ်းလျှောက်ကာ လမ်းပျောက်ပြီး ယောင်လည်လည် ဖြစ်နေလေသည်။

ထိုအဖြစ်အပျက်က ပွဲ၏ ဂုဏ်သတင်းကို ညတွင်းချင်း ဖျက်ဆီးခဲ့ပြီး အများပြည်သူ၏ ချဉ်ဖတ်ပစ်မှတ် ဖြစ်သွားစေခဲ့သည်။

"ထားပါတော့လေ၊ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဘဲ စင်ပေါ်မှာပဲ ကပ်နေကြတာပေါ့"

ဒါရိုက်တာက အံကြိတ်လျက် ရေရွတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

ယခု season က ဖိုင်နယ်ပွဲစဉ်သို့ ရောက်နေပြီ ဖြစ်သည်။ စတိတ်စင်က အဓိက အာရုံစိုက်ရာ ဖြစ်သဖြင့် သူတို့ ထိုသို့ လုပ်ရန်သာ တတ်နိုင်တော့သည်။

အားလုံး အသင့်ဖြစ်ပြီးနောက် ရိုက်ကူးရေးကို စတင်လိုက်သည်။

ဖိုင်နယ်သို့ တက်လာသည့် ပြိုင်ပွဲဝင်နှစ်ယောက်က စင်ပေါ်သို့ တက်လာသည်။ သူတို့၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေပြီး စိတ်ထိခိုက်ကာ စိုးရိမ်ပုံ ပေါ်နေသည်။

သူတို့သည် မိုက်များကိုကိုင်၍ စိတ်လှုပ်ရှား ထိခိုက်လွယ်စေမည့် စကားများ ပြောနေကြသည်။ ကင်မရာသမားက သူတို့ကို မကြာခဏ အနီးကပ်ရိုက်၍ မျက်ရည်များကို မြင်သာအောင် ရိုက်ကူးလေသည်။

အချင်းချင်း ခင်မင်ရင်းနှီးသော သံယောဇဉ်ကို ဖြစ်စေသော်လည်း သူတို့က အချင်းချင်း ယှဉ်ပြိုင်ရပေဦးမည်။

ဒိုင်လူကြီးများက အချိန်နှင့်အမျှ ညွှန်ကြားနေပြီး ပြိုင်ပွဲဝင်နှစ်ယောက်လုံးက သူတို့ ဇာတ်ညွှန်းကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ကြသည်။ တစ်ယောက်ကို တစ်ယောက် အချိန်ကြာကြာ ကြည့်နေပြီးနောက် ပထမလူက သီချင်းစ ဆိုလေသည်။

"ဘယ်လိုလဲ၊ ကြည့်ရှုသူနှုန်းက ဘယ်လိုရှိလဲ"

ဒါရိုက်တာက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ ရှောင်ကျောက်က တံတွေးမျိုချလိုက်ပြီး ပြောရမည်ကို စိုးရွံ့နေ၏။ နောက်ဆုံးတွင် သူ ကြောင့်ကြစွာ ပြောလေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now