Chapter 143

705 66 0
                                    

စာစဉ် 10 Chapter 143 ဒုတိယမြောက် သိုင်းပညာ အဆင့်မြှင့်တင်ခြင်း

ရုပ်ရှင်ထဲမှ သူရဲကောင်းများကို အပြင်ဘက်၌ မြင်လိုက်ရသောအခါ လူတိုင်း စိတ်လှုပ်ရှားလွန်လာကြပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ကြတော့ချေ။

အခြေအနေက ဆက်လက် ကြီးထွားလျက် ရှိပြီး ထိုအဖြစ်အပျက်၏ သတင်းနှင့် ဗွီဒီယိုများက အလျင်အမြန် ပျံ့နှံ့လာကာ ကြည့်ရှုသူ အရေအတွက်လည်း ထောင်သောင်းချီလာ၏။

ဝေ့ပေါ်တွင် ပို၍ ဆူညံနေပြီး သမိုင်းတစ်လျှောက် ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာလေသည်။

"တစ်လကြာပြီးမှ စူပါမန်းဝိုင်က လူလုံးထွက်ပြတာပဲ၊ စူပါမန်းက ငါနေနေတဲ့ မြို့တော်ကို စောင့်ရှောက်နေမှတော့ ငါ ဘာကို ကြောက်စရာ လိုသေးလဲ"

[မြတ်စွာဘုရား ဒါက ရုပ်ရှင်ကြည့်နေရသလိုပဲ]

[ဒါ ဒဏ္ဍာရီလာလိုပဲ၊ စူပါမန်းဝိုင်က ဂြိုဟ်သားလား]

[စူပါမန်းတော့ ပေါ်လာပြီ၊ လင်းနို့လူသား၊ သန္ဓေပြောင်းတွေ၊ သူတို့တွေ ဘယ်မှာလဲ]

[စူပါမန်းဝိုင် မြို့တော်မှာပဲ မနေပါနဲ့၊ အချိန်ရရင် နန်ကင်းကို လာပါဦး]

[အိုး အိုး အိုး ... ငါ ဒီဗွီဒီယိုကို သုံးခါကြည့်ပြီး သုံးခါလုံး ငိုရတယ်ဆိုတာ မင်းတို့ သိကြလား၊ နောက်ဆိုရင် ငါ့ကို iron man တို့ Captain America အကြောင်း မပြောနဲ့တော့၊ ငါက စူပါမန်းဝိုင်ရဲ့ ပရိသတ်ပဲ၊ သူက သူ့ပရိသတ် ကောင်မလေး]

[ငါ ဒီဗွီဒီယိုကို ကြည့်ပြီး တစ်ညလုံး ငိုခဲ့ရတယ်၊ အမေတစ်ယောက်အနေနဲ့ ဒီဆောက်တည်ရာမရတဲ့ ခံစားချက်က င့ါကို စိတ်ထိခိုက်စေတယ်]

[ဗွီဒီယိုထဲက မိသားစုက ကံမကောင်းဘူး၊ ဒါပေမဲ့ သူတို့ ကံကောင်းခဲ့ပါတယ် ဘာလို့လဲဆို‌တော့ သူတို့ စူပါမန်းဝိုင်နဲ့ တွေ့ခဲ့ရတယ်လေ]

....

အသည်းအသန် ဆွေးနွေးပြောဆိုမှုများ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိချေ။ လူတော်တော်များများက စူပါမန်းဝိုင်ကို စိတ်ဝင်စားနေကြသည်။ အင်တာနက်တွင် သူ့အား သူတို့ကို တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုနေကြပြီး ကမ္ဘာ့ သူရဲကောင်းများ ဖြစ်လာစေရပါမည်ဟု ကျိန်ဆိုနေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now