Chapter 199

665 70 2
                                    

စာစဉ် 14 Chapter 199 သတင်းထူး

"ဝိုင်နတ်ဘုရား၊ မင်းက ငါတို့ ကျော်ကြားမှုရဲ့ အာမခံချက်ပဲ၊ အဲ့ဒါကြောင့် ပန်ဒါ ထုတ်လွှင့်ရေးကို လူသိများ လာအောင် မင်းကို အသုံးချချင်တယ်"

စုန့်ချမ်က ပြောလာသည်။ ရဲ့လင်းချန်ဘက်က တိတ်နေသောအခါ သူ ဆက်ပြောလေသည်။

"အခု လူတိုင်းက မင်း အပိတ်ခံလိုက်ရတာကို သိနေတယ်၊ ပြီးတော့ ဟူယွီရဲ့ လုပ်ရပ်ကလည်း လူအများကို ဒေါသထွက်အောင် ဆွပေးခဲ့တယ်၊ တကယ်လို့ မင်းက ပန်ဒါကို ဝယ်လိုက်တဲ့ သတင်းသာ ပျံ့သွားရင် တော်တော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်လာမှာပဲ"

"အဲ့ဒါပြီးရင်တော့ ငါတို့ လုပ်ဖို့ လိုတာဆိုလို့ လုပ်ငန်းကို ချောချောမွေ့မွေ့ လည်ပတ်ပြီး ငါတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ထိန်းထားဖို့ပဲ"

စုန့်ချမ်က ရိုးရှင်းဟန်ဖြင့် ပြောနေသော်လည်း အကောင်အထည်ဖော်ခြင်းက ခက်ခဲပေသည်။ ပထမဆုံးအနေဖြင့် အမှတ်တံဆိပ်ကို ကြော်ငြာရမည်။ ထို့နောက်တွင် ချောမွေ့စွာ လည်ပတ်ဆောင်ရွက်ရပေမည်။ ထိုနှစ်ခုထဲက အဘယ်အရာက လွယ်ဖူးပါသနည်း။

လက်ရှိအချိန်တွင် သူသည် အကြမ်းဖျင်း ကန့်သတ်ချက်ကိုသာ စဉ်းစားနိုင်ပေသည်။ တကယ်တမ်းတွင် သူသည် အကြံများကိုသာ ထောက်ပံ့ပေးနိုင်ပြီး ဆုံးဖြတ်ချက် ချနိုင်ခွင့်ရှိသူ မဟုတ်ပေ။ ဤအခြင်းအရာအပေါ် ရဲ့လင်းချန်၏ သဘောထားကိုလည်း သူ သိရန် လိုအပ်ပေ၏။

"ခင်ဗျားအစီအစဉ်က အဆင်ပြေပါတယ်"

ရဲ့လင်းချန်က အရင်ဆုံး အတည်ပြုလိုက်ပြီးမှ ဆက်ပြောသည်။

"ဒီနေ့ည ကျွန်တော် ပန်ဒါထုတ်လွှင့်ရေးကို လက်လွှဲယူလိုက်တဲ့ သတင်းကို ဖြန့်လိုက်ကြတာပေါ့၊ ပြီးတော့ ကျွန်တော် မနက်ဖြန် တိုက်ရိုက် ထုတ်လွှင့်မယ့် သတင်းကိုပါ ထပ်ဖြန့်လိုက်ပါ"

"မနက်ဖြန် တိုက်ရိုက် ထုတ်လွှင့်မှာလား"

စု့န်ချမ် အံ့ဩသွားပြီး တုန်ယင်နေသော အသံဖြင့် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now