Chapter 74

1K 128 0
                                    

Chapter 74 ဖိအားပေးခံရတာလား

"ပြီးသွားပြီ"

ရဲ့လင်းချန် ဝေ့ပေါ်ကို ပိတ်လိုက်ပြီးနောက် အစ်မလင်းနှင့် ရှောင်ဖေးဖေးတို့ကို လှည့်ကြည့်လိုက်သည်။ သူမတို့က သူ့အား ဆွံ့အစွာဖြင့် ကြည့်နေပြီး ရှက်သလို ပြုံးနေကြသည်။

"နင့်ဝေ့ပေါ်အကောင်ရဲ့ ပရိသတ်တွေက နှစ်ဆဖြစ်သွားပြီ၊ နင် ဘာမှမလုပ်ဘဲနဲ့ ဘယ်လိုလုပ် ပရိသတ်တွေကို ဆွဲဆောင်နိုင်တာလဲ၊ ငါ နည်းနည်း မနာလို ဖြစ်လာပြီ"

ရှောင်ဖေးဖေးက ပြောပြီး ရဲ့လင်းချန်အား အသာအယာ စိုက်ကြည့်နေသည်။

သူ ပေကျင်းသို့ ပထမဆုံးရောက်လာချိန်ကို သူမ ယခုထိ မှတ်မိပါသေးသည်။ ရဲ့လင်းချန်သည် လမ်းပေါ်မှ လုပ်စားနေသူ၏ ပြဿနာကို ဖြေရှင်းခြင်းဖြင့် Tik Tok ၌ နာမည်ကြီးလာသည်။ ထိုအချိန်က ရဲ့လင်းချန် ရှေ့ထွက်၍ သူပါဟု ပြောလာပါက ပရိသတ် တစ်သိန်းကျော် ရလာရန် မခက်ချေ။

သို့သော် ယခုအခါ၌ ပုတ်ခတ်စော်ကားသော စကားအချို့ ပြောရုံနှင့် ရဲ့လင်းချန်က ပရိသတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤသည်က ကြောက်စရာ ကောင်းလှသည်။

"မတတ်နိုင်ဘူးလေ၊ တစ်ခါတလေ ထူးချွန်လွန်းတာကိုက ပြဿနာပဲ"

ရဲ့လင်းချန်က တုန်လှုပ်ချောက်ချားဟန်ဖြင့် ခေါင်းခါ၍ ပြောလိုက်သည်။ ရှောင်ဖေးဖေး ဘာမှမပြောဘဲ အကြည့်သာ လွှဲသွားသည်။

သို့သော် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးနှင့် မတူဘဲ အစ်မလင်းက ဆက်တိုက် မျက်မှောင်ကြုတ်နေပြီး အသာ သက်ပြင်းချလာ၏။

"နင် စကားနပန်းပွဲမှာ နိုင်သွားတယ်ဆိုပင်မယ့် ရှစ်လေ့က သူ့ပန်းတိုင်ကို ရပြီးသွားပြီ၊ အရှက်မရှိတဲ့ ခွေးမသား"

"ဘာဖြစ်လို့လဲ"

"သူက အမြဲ ဝိုင်ရဲ့ ကျော်ကြားမှုကို ကျော်တက်ချင်နေတာလေ၊ အခု ဒီကိစ္စက အကြီးအကျယ် ဖြစ်သွားတာဆိုတော့ သူ့ရုပ်ရှင်ကို ကြော်ငြာချင်တဲ့ သူ့ရည်ရွယ်ချက်လည်း အောင်မြင်သွားပြီ"

ကျုပ်က ပါရမီရှင် (Chapter 1-200)حيث تعيش القصص. اكتشف الآن