Chapter 41

1K 126 1
                                    

Chapter 41 မဟာဆရာသခင်ရဲ့

“တစ်ယောက်ယောက်ကို စောင့်နေတာ ဟုတ်လား”
လုထျန်းရှုံး မှင်တက်သွားပြီးနောက် ရယ်မော၍ သရော်သော လေသံဖြင့် မေးလိုက်သည်။
“မင်းက အကူအညီ ခေါ်ထားတာလား”
သူ အထင်မကြီးသောကြောင့် အလျင်စလို မပြုမူပါ။ ရဲ့လင်းချန်က မည်သို့သော အကူအညီမျိုးကို ခေါ်နိုင်ပါ မည်နည်း။
“ကျုပ်မိတ်ဆွေတစ်ယောက်ပါ၊ ကျုပ်တို့ ဒီည တွေ့ဖို့ပြောထားကြတာလေ”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟားဟားဟား မိတ်ဆွေ ဟုတ်လား”
လုဟောင်က အရူးသဖွယ် ဟားတိုက် ရယ်မောလေသည်။
“အခု မင်း ဖြစ်နေတဲ့ အခြေအနေကို မင်းမိတ်ဆွေ သိရင် သူ လာရဲဦးမှာလား”
“ဪ ... ကြည့်ရတာ လုမိသားစုက တကယ် တင်စီးတာပဲ”
တံခါးဝမှ ခပ်တိုးတိုးအသံ ထွက်ပေါ်လာပြီးနောက် ခြေသံများစွာ ထွက်‌ပေါ်လာလေသည်။ ထိုအသံကို ကြားပြီးနောက် လုထျန်းရှုံး ရင်တုန်သွားသည်။
တံခါးဝ၌ ရောက်နေသော လူတစ်ယောက်ကို မြင်သောအခါ  သူ တစ်ကိုယ်လုံး တုန်တက်သွားသည်။ သူ မျက်လုံးပြူးကာ အလန့်တကြား ဖြစ်သွားရလေသည်။ ရဲ့လင်းချန်သည်လည်း အပြင်ဘက်သို့ လှမ်းကြည့် လိုက်သည်။
လင်းရှန်းဟဲ ကိုယ်တိုင် ရောက်လာခြင်း ဖြစ်ပြီး သူ့အနောက်၌ လင်းမိသားစုဝင်များ ပါလာသည်။ ထိုလူများထဲတွင် လင်းရို့ယွီနှင့် လင်းအောင်လည်း ပါ၏။
သူတို့သည် ပန်းခြံထဲ လမ်းလျှောက်သကဲ့သို့ အေးအေးလူလူ လျှောက်လာနေပြီး တုတ်ကိုင်ထားသော သက်တော်စောင့်များကို အရေးပင် မလုပ်ချေ။
အစောပိုင်းက မြင့်မြတ်၍ တင်စီးသယောင် ပြုမူနေသော လုထျန်းရှုံးသည် အပြုံးကြီးပြုံး၍ ရောက်လာသော ဧည့်သည်များကို မျက်နှာချိုသွေးလေသည်။
“မစ္စတာလင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ၊ ခင်ဗျား ရောက်လာမယ်မှန်း သိရင် ကျုပ် အကောင်းဆုံး ပွဲနဲ့ ကြိုဆိုမှာပေါ့၊ ကျုပ် ကြိုမပြင်ထားမိတဲ့အတွက် ခွင့်လွှတ်ပေးပါ”
တစ်ဖက်မှ လုဟောင်သည်လည်း ကိုယ်ကိုကိုင်း၍ ခေါင်းကိုငုံ့ကာ အလွန်အမင်း ရိုကျိုးနေ၏။ သူ မဆင်မခြင် လုပ်တတ်သော်လည်း တုံးအသူ မဟုတ်ပါ။ လုလုပ်ငန်းစု၏ ဆက်ခံသူ ဖြစ်သောကြောင့် သူ ပညာတတ်ပါသည်။ အထူးသဖြင့် လူမှုဆက်ဆံရေးပင်။
ထိုသို့မသိတတ်ပါက သူ့မိသားစုအတွင်း၌ သူ နေရာရှိမည် မဟုတ်ပါ။ လူအများနှင့် တွေ့ဆုံရတိုင်း သူ့စိတ်ထဲ၌ အမြဲ တွက်ချက်လေ့ ရှိသည်။
ဘယ်သူ့ကို သူ ကစားနိုင်သလဲ၊ မည်သူကို သူ ရန်စနိုင်သလဲ၊ မည်သူ့ကိုတော့ သူ ရန်စ၍ မဖြစ်သနည်းနှင့် မည်သူ့ကို ဖော်လံဖား လုပ်ရမလဲ စသည့် အချက်များအားလုံးကို သူ့ခေါင်းထဲ၌ သေချာ တွက်ချက်နိုင်သည်။
လင်းမိသားစုသည် သူ အစွမ်းကုန် ဖော်လံဖားလုပ်ရမည့် မိသားစုဖြစ်ပြီး လင်းရို့ယွီအား ပိုးပမ်း၍ တစ်သက်လုံး ပေါ်ကြော့နေရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။
ထိုသို့ဖြစ်ရခြင်းမှာ လင်းမိသားစု၌ သူပင် မယှဉ်နိုင်သော ကြီးမားသည့် နောက်ခံရှိသောကြောင့်ပင်။ သာမန်လူ တစ်ယောက်သည် ချမ်းသာနိုင်သလို နာမည်ကျော်တစ်ယောက်လည်း ဖြစ်လာနိုင်၏။ ထိုသို့သော လူများအထက်၌ ရာစုနှစ်နှင့်ချီ၍ လွှမ်းမိုးနိုင်သော မိသားစုကြီးများ ရှိသလို အခြေခံတောင့်သော မိသားစုကြီးများ ရှိလေသည်။
သို့သော် မိသားစုက မည်မျှ လွှမ်းမိုးနိုင်ပါစေ ထိတ်လန့်ရမည့် အချက်သုံးချက် ရှိသေးသည်။ ပထမအချက်မှာ နိုင်ငံရေး အာဏာ ဖြစ်သည်။ အခြေခံ မည်မျှ တောင့်တင်းပါစေ လုပ်ပိုင်ခွင့်ကို မတိုက်ခိုက်နိုင်ပါ။
သာမန် နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိသူများကို သူတို့ မကြောက်သော်လည်း လုမိသားစုသည် မြို့တော်၌ ကြီးမားသော နိုင်ငံရေး လုပ်ပိုင်ခွင့်များ ရှိသဖြင့် သူတို့ မျက်နှာလုပ်ရပေမည်။
ဒုတိယအချက်မှာ အနီရောင် ဖြစ်သည်။ ထိုအနီရောင်မှာ စစ်တပ်ကို ကိုယ်စားပြုပြီး နိုင်ငံ၏ အခြေခံ အင်အားကို ကိုယ်စားပြု၏။
သာမန်လူက ဤသို့သော လုပ်ပိုင်ခွင့်ရှိသူနှင့် မရင်းနှီးနိုင်သော်လည်း ရန်စ၍ မဖြစ်ပေ။ တတိယအချက်မှာ စစ်သည်တော် ဌာနဟု လူသိများသော စစ်သည်တော် လေ့ကျင့်ရေး ဌာနဖြစ်သည်။
စစ်သည်တော်ဌာနသည် ဖွဲ့စည်းထားသည်မှာ သိပ်မကြာသေးသလို တရားဝင် အဖွဲ့အစည်း မဟုတ်သော်လည်း နိုင်ငံ၏ ကြီးမားသော အသိအမှတ်ပြုခြင်း ခံရလေသည်။
လူအများကြား၌ တရုတ်ကွန်ဖူးပညာ ကျယ်ပြန့်စွာ ရေပန်းစားလာပြီးနောက် သိုင်းပညာပါ လူကြိုက်များလာသဖြင့် စစ်သည်တော်ဌာန တည်ထောင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
စစ်သည်တော်ဌာနအား သိုင်းခန်းမဟု သတ်မှတ်နိုင်ပေသည်။ မတူသည့်အချက်မှာ သူတို့သည် တစ်နိုင်ငံလုံး၌ အခိုင်အမာ လွှမ်းမိုးထားနိုင်ခြင်း ဖြစ်သည်။ ၎င်း၏ အခြေခံက နိုင်ငံကို ကာကွယ်ရမည့် တာဝန်ကို ထမ်းရွက်ရခြင်း ဖြစ်သည်။
၎င်းဌာနတွင်း၌ ရှိသော အမျိုးသားများနှင့် အမျိုးသမီးများသည် ကိုယ်ခံပညာ၌ ထူးချွန်ကာ သိုင်းပညာရှင်ဟူသော ဘွဲ့ကို ပေးအပ်ခြင်း ခံထားရသည်။ သူတို့ တစ်ယောက်ချင်းစီ၌ ယှဉ်မရသော ခွန်အားများ ရှိသည်။
တစ်ခါတရံ၌ စစ်သည်တော်ဌာနသည် အထူးမစ်ရှင်တစ်ချို့ကို ထမ်းဆောင်ရသဖြင့် ဂုဏ်သိက္ခာ ရာထူးများ ပေးအပ်ခံရမည်မှာ အသေအချာပင်။
လင်းမိသားစုမှ အဘိုးလင်းသည် ထိုသို့သော ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် ထိုမစ်ရှင်များအား အသက်ကိုစွန့်၍ ကျည်ဆံကြားထဲမှ ထမ်းရွက်ခဲ့သူ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျင် သူ ခြေဆောင့်လိုက်သည်နှင့် မြို့တော်မှ အထက်တန်းစား လူများ တုန်လှုပ်သွားနိုင်သည်။
အဘိုးလင်းအပြင် အလားအလာကောင်းသော အနာဂတ်နှင့်အတူ သိုင်းပညာရှင်များကြားထဲ၌ အထက်တန်းအဆင့် ရှိသော လင်းအောင်လည်း ရှိသည်။
ထိုသို့သောလူများနှင့် အပြောအဆို လုပ်ဖူးသည့် ဤလူများ မည်မျှ ကြောက်စရာကောင်းကြောင်း လုထျန်းရှုံး သိပေသည်။ လုမိသားစုက သန်မာပါသော်လည်း တရားမဝင်သော လုပ်ငန်းများမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အတိတ်မှ သူတို့၏ ညစ်ညမ်းသော လုပ်ငန်းများက မြင့်မားလွန်းပြီး သူတို့ နာမည်ကောင်း ရအောင် ရှင်းလင်း၍ မရနိုင်ပါ။
သူတို့ လင်းမိသားစုကို ရန်စမိပါက လုမိသားစုတစ်ခုလုံး ဘာဖြစ်သွားမှန်း မသိဘဲ ပျောက်ကွယ်သွားလောက်သည်။ လုထျန်းရှုံး မကြောက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။
လုမိသားစုက အစွမ်းကုန် မျက်နှာချိုသွေးနေသည်ကို မြင်ရသောအခါ ခန်းမထဲမှ လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားပြီး အသက်ပင် မရှူရဲတော့ချေ။
လင်းမိသားစု၌ ထူးခြားသော အဆင့်အတန်းနှင့် ဂုဏ်ဒြပ် ရှိသည်။ သာမန်လူများ နားလည်မည် မဟုတ်သော်လည်း ဤအပြောအဆိုမှတစ်ဆင့် လင်းမိသားစုက မည်မျှ ဂုဏ်သိက္ခာ ကြီးမားမှန်း ခန့်မှန်းမိပါသည်။
“ငါ ဒီနေ့ မဟာဆရာသခင်ရဲ့ကို ကြိုဖို့ ဒီလာတာ”
လင်းရှန်းဟဲက လုထျန်းရှုံးကို နာမည်တပ်မခေါ်ဘဲ တည်ငြိမ်စွာ ကြေညာလိုက်သည်။ သူတို့၏ ခြားနားချက်က ယှဉ်မရအောင် ကြီးမားလွန်းသည်။
“မဟာဆရာသခင်ရဲ့လား”
လုထျန်းရှုံး ရင်တုန်သွားသည်။ ဤနေရာ၌ ထိုသို့ အရေးပါသောလူ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။ အဘိုးလင်းမှလွဲ၍ လင်းမိသားစု၏ ဒုတိယမျိုးဆက်နှင့် တတိယမျိုးဆက်မှ အရေးပါသော လူများအားလုံးက ထိုလူကို ကြိုဆိုရန် ရောက်လာကြသည်။ ထိုသူ၌ မြင့်မားသော အဆင့်အတန်း ရှိရပေမည်။
တစ်ချိန်တည်းမှာပင် သူ ပြဿနာ တက်တော့မည်ဟု မသိမသာ ခံစားမိနေ၏။ ထိုသို့ အရေးပါသော လူက ဤနေရာ၌ ရှိနေသော်လည်း သူ ဘာသတင်းမှ မရခဲ့ပေ။ ထိုသို့မဟုတ်ပါက သူကိုယ်တိုင် ရင်းနှီးအောင် ကြိုးစားမည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျင် လုမိသားစု ကြောက်ရမည့်လူ ရှိပါဦးမည်လော။
လင်းအောင်က ရှေ့တက်၍ ယဉ်ယဉ်ကျေးကျေး ကြေညာလေသည်။
“မဟာဆရာသခင်ရဲ့ ကျွန်တော်တို့ ခင်ဗျားကို ကြိုဖို့ ရောက်လာပါပြီ”
*မဟာဆရာသခင်ရဲ့က ဒီမှာ ပုန်းနေတာများလား*
လုထျန်းရှုံး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး ခေါင်းမော့ကာ ဘေးဘီကို ဝေ့ကြည့်လေသည်။ မဟာဆရာသခင်ရဲ့က မည်သို့သော ပုံစံရှိကြောင်း သူ မှတ်မိနေမှ ဖြစ်မည်။ သို့မှသာ နောက်တစ်ခါတွေ့လျင် သူ မျက်နှာလုပ်နိုင်မည် ဖြစ်သည်။
ခန်းမတွင်း၌ လူတိုင်း လိုက်ကြည့်နေကြသည်။ ဤသို့သော အရေးပါသည့်လူကို မည်သူက မမြင်ဖူးချင်ဘဲ ရှိမည်နည်း။ အရာအားလုံး တိတ်ဆိတ်နေသည်။ ရဲ့လင်းချန်က မဖြုံသော အမူအရာနှင့် ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်သွားသည်။
“လင်းချန် အခု စိတ်လိုက်မာန်ပါ မလုပ်နဲ့”
ရှောင်ဖေးဖေး မျက်နှာဖြူရော်သွားပြီး ရဲ့လင်းချန်ကို လှမ်းဆွဲ၍ သတိပေးလေသည်။
“ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို ကြိုဖို့ ရောက်လာပြီလေ၊ ကျွန်တော် သွားသင့်တာပေါ့”
ရဲ့လင်းချန် ပြုံးလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။ ရှောင်ဖေးဖေးက အကြောင်သား သူ့ကို ငေးကြည့်နေ၏။ သူ၏ လှုပ်ရှားမှုက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။
*ဒီကောင် အခြေအနေကို နားမလည်ဘူးလား၊ ဒီလိုအခြေအနေမှာ အခုထိ သောက်ရေးမပါတာ လုပ်ချင်နေ တုန်းလား*
လုထျန်းရှုံး မှင်တက်သွားသည်။ ဤလောက၌ ဤသို့သော လူစားမျိုး ရှိလိမ့်မည်ဟု ထင်မထားမိပါ။
*သူ သေမှာကို မကြောက်ဘူးပဲ၊ နည်းနည်းလေးမှကို မကြောက်တာ*
*သူ ငါ့ကို မြည်တွန်တောက်တီးနေတာ အံ့ဩစရာ မရှိဘူး၊ ဒီကောင်က အရူးပဲ၊ ဒီလိုလူမျိုးက ဒီအသက်အထိ ရှင်နေတာကပဲ အံ့ဩစရာ ကောင်းနေပြီ*
လင်းမိသားစုက ရဲ့လင်းချန်ကို မည်သို့ ဖြေရှင်းမလဲဟု သူ့စိတ်ထဲ၌ တွေးတောနေမိသည်။ သို့သော် လင်းရှန်းဟဲ ဦးဆောင်သော လင်းမိသားစုမှ လူများအားလုံးက ရဲ့လင်းချန်ထံ စိတ်လှုပ်ရှားစွာ လျှောက်သွားကြသည်။
သူတို့အားလုံး ခေါင်းငုံ့၍ နှိမ့်ချသော လေသံဖြင့် တလေးတစား ကြိုဆိုလေသည်။
“မဟာဆရာသခင်ရဲ့”
လုထျန်းရှုန်း နားအူသွားပြီး အတွေးထဲ ဗလာဖြစ်သွားလေသည်။ တစ်ကိုယ်လုံး ချွေးစေးပြန်လာပြီး သတိလစ် ချင်လာ၏။
လုဟောင် ဖင်ထိုင်လျက်သား လဲကျသွားပြီး ကြောက်လန့်ကာ တုန်ယင်နေ၏။ သူ့မျက်လုံးများက မတည်ငြိမ် တော့ချေ။
အစောပိုင်းက သူ ရဲ့လင်းချန်ရှေ့၌ ဟန်ထုတ်ခဲ့သည်ကို ပြန်သတိရပြီး သူ့အနာဂတ်၌ အမှောင်ထုမှလွဲ၍ ဘာမှ ရှိမနေနိုင်တော့ဟု ခံစားမိသွားသည်။
“ချီးထုပ်ကောင် ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ အခု ငါတို့ ကိုယ့်အုတ်ဂူ ကိုယ်တူးမိသွားပြီ”
လုထျန်းရှုံး စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိပြီး သွေးအန်ချင်လာ၏။ လုဟောင်အား လူတစ်ယောက်ကို ဘာမှမလုပ်ခင် သူ၏ နောက်ခံကို သေချာစုံစမ်းရန် သူ အမြဲ သတိပေးခဲ့သည်။ ထိုအခါမှသာလျင် သူ စိတ်လွတ်လက်လွတ် ပြုမူနိုင်မည် ဖြစ်သည်။ သို့သော် ယနေ့က သူတို့၏ ကံဆိုးမိုးမှောင်ကျသော နေ့ပင်။
“အဖေ သူက မဟာဆရာသခင်ရဲ့မှန်း ကျွန်တော် မသိဘူး၊ ကျွန်တော် သိလို့ကတော့ အဖေ တစ်လောကလုံးက လူတွေရဲ့ သတ္တိတွေ ကျွန်တော့်ကို စုပေးလာရင်တောင် သူ့ရှေ့ လေလည်မိမှာတောင် မဟုတ်ဘူး”
လုဟောင် ကြောက်လန့်ကာ မှင်တက်နေ၏။ သူ့မျက်လုံးတွင် မျက်ရည်များ ဝဲနေပြီး မျက်နှာ၌ မျှော်လင့်ချက် မဲ့ခြင်းများ ပြည့်နှက်နေလေသည်။
*မဟာဆရာသခင်ရဲ့ လူထူးလူဆန်းပဲ၊ ဒီလောက် အရေးပါတဲ့လူ ဖြစ်နေတာတောင် သာမန်ဖက်ရှင်မျိုး ဝတ်နေ သေးတယ်၊ ဒါ လှည့်စားလွန်းရာ မကျဘူးလား*

ကျုပ်က ပါရမီရှင် (Chapter 1-200)Wo Geschichten leben. Entdecke jetzt