Chapter 97

836 92 0
                                    

Chapter 97 မိန်းမလှလေးများ၏ ဖိတ်ကြားမှု

နောက်ဆုံးတွင် ဒိုင်လူကြီး၏ ဝီစီသံနှင့်အတူ ပြိုင်ပွဲ ပြီးဆုံးသွားလေသည်။

၁၁၆ : ၉၃

ဘာသာစကားဌာနအတွက် အပြတ်အသတ် အနိုင်ရပွဲပင်။

"ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီကွ"

ဘာသာစကား ဌာနတစ်ခုလုံး အစက မှင်တက်နေပြီးမှ ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။

"ရှောင်ရဲ့ တော်တယ်ဟေ့"

"ရှောင်ရဲ့ မင်းကတော့ တကယ်ကို တစ်ခုခုပဲ ငါ့လူရေ၊ ဒီလို နှိမ့်နှိမ့်ချချ နေရလားဟ"

"ဂိမ်းကစားတာတော်တယ်၊ ကွန်ဖူးလည်း တော်တယ်၊ ဘတ်စကတ်ဘောလည်း တော်တယ်၊ မင်းက ရွက်ပုန်းသီး ပညာရှင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ မင်းနဲ့ ဟဲယွမ်ကို ယှဉ်လိုက်ရင် သူက ဘာမှကို မဟုတ်တော့ဘူး"

"ရှောင်ရဲ့ မင်းက သိပ်အားကိုးရတယ်ကွာ၊ ငါသာ မိန်းကလေးဆို မင်းကို ကြွေပြီ"

"လိပ်အင်္ဂါ ပြောင်းလဲခွဲစိတ်ဖို့ နောက်မကျသေးဘူး မဟုတ်လား"

အာလူးလေးနှင့် အတန်းသားများက ပြေးလာပြီး ရဲ့လင်းချန်ကို ဝိုင်းဖက်ထားကြသည်။

"ရဲ့လင်းချန် ကျေးဇူး အများကြီး တင်ပါတယ်"

ကောင်းဝမ်ကလည်း သူ့နားတိုးလာပြီး ကျေးဇူးတင်ကြောင်း ပြောလာသည်။ သူမအသံတွင် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေ၏။

"ရဲ့လင်းချန် နင်သာ နောက်ပြိုင်ပွဲတွေမှ ဆက်ပါမယ်ဆိုရင် ငါတို့ဌာနက သေချာပေါက် ပထမရမှာပဲ"

"ငါ မပါတော့ဘူး"

ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။

"နောက်ပြိုင်ပွဲတွေကို မင်းတို့လက်ထဲ အပ်လိုက်ပြီ"

သူသည် ဟဲယွမ်ကို သင်ခန်းစာပေးရန် ပြိုင်ပွဲကို ဝင်ပါခဲ့ခြင်း ဖြစ်သည်။ သူသာ ပြိုင်ပွဲ၌ ဆက်ပါနေပါက တမင်သက်သက် အနိုင်ကျင့်ရုံ ဖြစ်နေလိမ့်မည်။

ကောင်းဝမ်၏ မျက်နှာတွင် စိတ်ပျက်ဟန် ပေါ်လာသော်လည်း ထပ်၍ မတောင်းဆိုတော့ချေ။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now