Chapter 96

866 97 5
                                    

Chapter 96 တားဆီးခြင်းဘုရင်

ဟဲယွမ် အချိန်အတော်ကြာအောင် ငြိမ်၍ ရပ်နေပြီး သူ့ပစ်ချက် တားဆီးခံလိုက်ရသည့် အချက်ကို မယုံနိုင် ဖြစ်နေ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အချိန်အတော်ကြာပြီးနောက် သူ သတိဝင်လာသည်။ သူသည် ရဲ့လင်းချန်အား မယုံနိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။

"မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေ အများကြီး ဖြစ်လာဖို့ ရှိသေးတယ်"

ရဲ့လင်းချန်က ဘာမှမဟုတ်သကဲ့သို့ ရှုတည်တည်ဖြင့် ပြောလိုက်သည်။

ဘောလုံးကို ရဲ့လင်းချန်က ပုတ်ထုတ်လိုက်သဖြင့် အားကစားဌာနက ဘောလုံးကို ပြန်ရသွားသည်။

ပြိုင်ပွဲက စရုံသာ ရှိသေးသော်လည်း နှစ်ဖက်စလုံး၏ တင်းမာမှုကို လူတိုင်း ခံစားမိသည်။ ရဲ့လင်းချန်၏ တားဆီးမှုက သူတို့၏ စိတ်ထဲ၌ အတော်လေး သက်ရောက်မှု ပြင်းထန်သွားသည်။

"ခံစစ်ကို မေ့လိုက်တော့၊ သူ့ကို ပစ်သွင်းခွင့်ပေးလိုက်"

ရဲ့လင်းချန်က ဘာသာစကားဌာနမှ ကစားသမားများကို ပြောလိုက်သည်။ တစ်ဖက်အသင်းက စည်းကမ်းကို အရေးမစိုက်သဖြင့် ခံစစ် ကစားနေလည်း အပိုပင်။

ဘောလုံးကို အားကစားအသင်းက ပြန်ရသွားသော်လည်း ဟဲယွမ်သည် ဘောလုံးကိုကိုင်ပြီး ကြက်သေ သေနေ၏။ သူသည်သာက အခြားသူများသည်လည်း အံ့ဩနေကြသည်။

ဘတ်စကတ်ဘောကွင်းထဲ၌ ဘယ်သူမှ တားဆီးခြင်းမရှိချေ။ ဘာသာစကားဌာနမှ ကစားသမားများသည် သည်အတိုင်း ရပ်၍ ဘေးဘက်မှ ကြည့်နေကြသည်။ တိုင်အရှေ့တွင် ရှင်းလင်းနေကာ သူ့အတွက် ဘောလုံး ပစ်သွင်းရန် အခွင့်အရေး ပေးထားလေသည်။

သူ့မျက်နှာထားက ကြည့်ရဆိုးသွားသည်။ ဤသို့သော မလေးမစားလုပ်ခြင်းက ဆဲဆိုသည်ထက်ပင် အဆတစ်ရာ မက ပို၍ ထိခိုက်နစ်နာစေ၏။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မျက်လုံးများက အရောင်တောက်နေသည်။

*မင်း နောင်တရအောင် ငါ သေချာပေါက် လုပ်ပြမယ်*

သူ ဘောလုံးကို ပုတ်၍ ရှေ့သို့ တက်လာသည်။ ထို့နောက် လွှားခနဲခုန်၍ ပစ်လိုက်သည်။ သို့သော် တူညီသော အဖြစ်အပျက်က ထပ်မံ ဖြစ်ပျက်လာ၏။ အရိပ်တစ်ခုက ခုန်ပျံတက်လာ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now