Chapter 128

689 74 0
                                    

စာစဉ် 9 Chapter 128 ပုံပြင်အသစ်အား တိုက်ရိုက်ထုတ်လွှင့်ခြင်း

"မင်း သေချာရဲ့လား"

စုန့်ချမ်က စိုးရိမ်နေသေးသည်။

"ငါတို့ ထပ်ဆွေးနွေးကြရင်ရော၊ မင်းရဲ့ စာမူကြမ်းအတွက် အကူအညီရအောင် ငါ အဖွဲ့ ပြင်ပေးလို့ရတယ်၊ အနည်းဆုံးတော့ ငါတို့ ကျော်ကြားမှုကို ထိန်းထားလို့ရတာပေါ့"

စုန့်ချမ်၏ စိုးရိမ်မှုက ကျိုးကြောင်းမဆီလျော်သည်တော့ မဟုတ်ပေ။ လူတစ်ယောက်၏ အရည်အချင်းက အကန့်အသတ် ရှိသည် မဟုတ်ပါတကား။ ပြောင်မြောက်လှသည်ဟု သတ်မှတ်နိုင်သော ပုံပြင်တစ်ပုဒ် ဖန်တီးရန် ဦးနှောက်ကို အတော်လေး အလုပ်ပေးရန် လိုအပ်ပြီး ကံလည်း လိုအပ်သေးသည်။ လူအတော်များများက ပြောင်မြောက်သော လက်ရာများကို ဖန်တီးနိုင်ပေသည်။ သို့သော် နောက်ပိုင်း စာအုပ်များက သာမန်မျှသာ ဖြစ်ပြီး လက်ဖျားခါရလောက်သည်အထိ မဟုတ်တော့ချေ။

"အဲ့လိုလုပ်ဖို့ မလိုပါဘူး"

"ဒါဆို ငါတို့ကို ဘယ်လို အမျိုးအစားလဲ ပေးသိလို့ ရမလား၊ ဒါမှ ငါ့မျှော်မှန်းချက်တွေကို စီမံလို့ရမှာ"

စုန့်ချမ်က ထပ်မေးလာသည်။

"အချိန်တန်ရင် ခင်ဗျား သိလာမှာပါ"

ရဲ့လင်းချန်က အေးအေးလူလူသာ ပြန်ဖြေလိုက်သည်။

...

နောက်တစ်နေ့ မနက်စောစော၌ ရဲ့လင်းချန်သည် သူ၏ သိုင်းလေ့ကျင့်ခြင်း ပြီးသည်နှင့် ရှောင်ချင်နှင့် ရှောင်ဟွေကို လေ့ကျင့်ပေးလေသည်။

ကျယ်ပြောသော ပန်းခြံဧရိယာကြောင့် သူတို့ လှုပ်ရှားမှုများများ လုပ်နိုင်ပေသည်။ ဤသို့သော အခြေအနေများကြောင့် ရှောင်ချင်နှင့် ရှောင်ဟွေသည် လျင်မြန်စွာ တိုးတက်လာပြီး အဖွဲ့လိုက် လှုပ်ရှားမှုလည်း တိုးတက်လာ၏။

"ဂီး"

ထိုစဉ် ရှောင်ချင်နှင့် ရှောင်ဟွေသည် လီမူရွှယ်၏ အိမ်သို့ ပြေးသွားပြီး ရဲ့လင်းချန်အား အသာ မာန်ဖီပြသည်။

*ဟမ်*

*မဟုတ်မှလွဲရော*

ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ အိမ်နားသို့ နီးကပ်လာသည်နှင့် ထင်ထားသကဲ့သို့ အိမ်ထဲမှ ညည်းသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now