Chapter 198

756 75 2
                                    

စာစဉ် 14 Chapter 198 ရှောင်ဖေးဖေး နေမကောင်းဖြစ်ခြင်း

"အစ်မဖေးဖေး အစ်မလည်း ဘာလို့ ဒီကို ရောက်နေတာလဲ"

မြေအောက်ပြိုင်ကွင်းမှ ထွက်လာပြီးနောက် ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ထူးဆန်းသလို ကြည့်နေသည်။

"ဘာလို့လဲ နင် အံ့ဩသွားလား"

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသွားလေသည်။

"အခုတလော နင် ငါ့ကိုတောင် လာမရှာဘူး၊ နင် ငါ့ကို မေ့နေတာလား"

"ဘယ်လိုလုပ် အဲ့လို ဖြစ်မှာလဲ၊ အစ်မဖေးဖေးက ဒီလောက် လှတာကို၊ ကျွန်တော့်အတွက် အစ်မကို မေ့ဖို့ မဖြစ်နိုင်ပါဘူး"

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

"အခုတလော ငါ့မှာ ဘာမှလုပ်စရာ သိပ်မရှိဘူးလေ၊ နင် ပြဿနာအချို့ ကြုံနေရတယ်လို့ ကြားလို့ ငါ ဒါရိုက်တာလီနဲ့ လိုက်လာပြီး လာကြည့်တာ"

ရှောင်ဖေးဖေးက ပြောလေသည်။ ထို့နောက် သူမ အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလာသည်။

"အစ်မ နေမကောင်းဘူးလား"

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ထိုအခါတွင်မှ ရှောင်ဖေးဖေး မောပန်းနွမ်းနယ်ပုံ ပေါ်နေသည်ကို သူ သတိထားမိသွားလေသည်။ သူမမျက်လုံးများက ညှိုးနေပြီး ပင်ပန်းနွမ်းလျပုံ ပေါ်နေ၏။

"ဖေးဖေးက နေလို့မကောင်းလို့ အခုတလော အလုပ်တွေအားလုံး ငြင်းပယ်ထားတာ"

အစ်မလင်းက စိုးရိမ်နေသော အသံဖြင့် ရှင်းပြလေသည်။

"ဒါ ရိုးရိုး အအေးမိတာလေးပါ၊ ငါ ဆရာဝန်နဲ့ ပြပြီးလို့ သောက်ဆေးလည်း ရထားပြီးပြီ၊ နင် စိတ်ပူစရာ မလိုပါဘူး"

ရှောင်ဖေးဖေးက အပြုံးနှင့် လက်ခါယမ်းသည်။

"နင် စိတ်ပူစရာ မလိုပါဘူး၊ ဟော်ရန်ကျားက မကြာခင် ရုံတင်တော့မှာလေ၊ အဲ့ဒါက ပိုအရေးကြီးတယ်"

ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ အခြေအနေကို သေချာကြည့်ပြီးနောက် လက္ခဏာများက သာမန်တုပ်ကွေး၏ လက္ခဏာများ ဖြစ်သည်ကို သတိထားမိသွားမှ စိတ်အေးသွားရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now