Chapter 150

737 61 1
                                    

စာစဉ် 10 Chapter 150 ဒါ ပိုက်ဆံရှာပေးနေတဲ့ ပြိုင်ပွဲပဲ

"ဒီတော့ ဘယ်ကောင်က နိုင်နိုင်ချေ များလဲ"

ဟွမ်ရှောင်မန်နှင့် အခြားသူများက ဆွေးနွေးရန် စိတ်အားထက်သန်နေလေသည်။ သူတို့ ရဲ့လင်းချန်၏ နောက်ကွယ်၌သာ ဆွေးနွေးခြင်း ဖြစ်သည်။

"ဟားဟားဟား ... ဒါ ပိုက်ဆံရှာပေးတဲ့ ပြိုင်ပွဲပဲ"

အခြားသူများ စိတ်ဖိစီးနေချိန်တွင် ကျားသစ်က ပြုံး၍ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလေသည်။

"ဟမ် မင်း မြင်နိုင်လို့လား"

အားလုံးသ သိချင်စိတ်ဖြင့် ကြည့်လာသည်။

"မင်းတို့ ကြည့်ဖို့မလိုပါဘူး"

ကျားသစ်က အေးအေးလူလူ ပြုံး၍ သူ့ခေါင်းကို ထောက်ပြသည်။ သူ့အပြုအမူက မူးနေသူများကြားတွင် တည်ငြိမ်သူက သူတစ်ယောက်တည်းသာ ရှိကြောင်း ပြနေသလိုပင်။

"မင်းတို့ ဦးနှောက်သုံးဖို့ပဲလိုတာ"

"စောက်ရေးမပါတာတွေ ရပ်လိုက်တော့၊ မြန်မြန်ပြော၊ ငါတို့ လောင်းကြေးထပ်တော့မှာ"

တစ်ယောက်က အလောသုံးဆယ် ပြောလိုက်သည်။

"ရှောင်ပိုင် နိုင်လိမ့်မယ်"

ကျားသစ်က ချက်ချင်း ပြောလိုက်သည်။

"ဘာလို့လဲ"

"မင်းတို့ ပြီးခဲ့တဲ့ ခွေးတိုက်ပွဲနဲ့ အဲ့ရှေ့က တစ်ပွဲကို မှတ်မိလား"

ကျားသစ်က ပြန်ဖြေမည့်အစား မေးခွန်းပြန်ထုတ်လာသည်။

"ငါတို့ကို မှတ်မိမယ်လို့ ထင်နေတာလား၊ ခွေးတိုက်ပွဲတွေက တစ်ချိန်လုံး အများကြီးပဲလေ၊ ငါတို့က ဘယ်လိုလုပ် အကုန် မှတ်မိမှာလဲ"

"ဟားဟားဟား ဆောရီးကွာ၊ ငါ တစ်ပွဲလောက် မှတ်မိသွားလို့၊ အဲ့ဒါကလည်း ရှောင်ပိုင်နဲ့ ရှောင်ဟိုင်တို့နဲ့ ပတ်သက်နေတာ"

ကျားသစ်သည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်နေသလို ခံစားလိုက်ရပြီး ဟန်ထုတ်တော့သည်။

"အရင်တစ်ခါတုန်းက ရှောင်ပိုင်နဲ့ ရှောင်ဟိုင် တိုက်ခိုက်ဖူးတယ်၊ ရှောင်ပိုင်က ရှုံးသွားတာ၊ အဲ့တိုက်ပွဲရဲ့ ရှေ့တုန်းက သူတို့ တိုက်ခိုက်တော့ ရှောင်ဟိုင် နိုင်ခဲ့တယ်၊ အခုတစ်ခေါက် ဘယ်သူ နိုင်မယ်လို့ မင်းတို့ ထင်လဲ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Tahanan ng mga kuwento. Tumuklas ngayon