Chapter 111

811 88 1
                                    

Chapter 111 တရုတ်နိုင်ငံက မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကို သည်းခံနေမှာ မဟုတ်ဘူး

"ဝုန်း"

ဂျပန်အသင်း၏ စခန်းမှ ပေါက်ကွဲသံနှင့်အတူ ဂိမ်းက အဆုံးသတ်သွားလေသည်။

ထိုအခါမှသာ ကြည့်ရှုသူများသည် မှင်တက်နေရာမှ တဖြည်းဖြည်း သတိဝင်လာကြပြီး အတွေးထဲ ဝုန်းဒိုင်းကြဲ

နေကြသည်။

[ယီးပဲ ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီ၊ အရေးကြီးတဲ့ ကြေငြာချက်ကို သုံးကြိမ်တိုင်တိုင် ကြေငြာရမယ်ကွ]

[ဒါ မိုက်တယ်ကွာ၊ ဝိုင်နတ်ဘုရားက စောက်ရမ်း မိုက်တယ်၊ တစ်ယောက် ငါးယောက် ချတာ]

[ဒီလို နည်းဗျူဟာမျိုး ... ငါ လေးစားမိသွားပြီ၊ ဝိုင်နတ်ဘုရားက တစ်သက်လုံး ငါ့စံပြပုဂ္ဂိုလ် ဖြစ်သွားပြီ]

[ငါတို့နိုင်ငံအတွက် ဂုဏ်ကျက်သရေကို ယူဆောင်လာတာပဲ၊ သူက ငါတို့နိုင်ငံအတွက် ဂုဏ်တက်ရအောင် လုပ်ပေးတာပဲ၊ ဝိုင်နတ်ဘုရား မင်းက သူရဲကောင်းပဲ]

[နည်းဗျူဟာရော ဖြေရှင်းနည်းရောက ပြီးပြည့်စုံတယ်၊ ဒါက အံ့ဩဖို့ ကောင်းလိုက်တာ]

[ဝိုင်နတ်ဘုရား ကျေးဇူးပြုပြီး မင်း ဂိမ်းကစားတာကို ဆက်ပြီး ထုတ်လွှင့်ပေးပါ၊ ငါ အတည်ပြောတာ၊ မင်း ဂိမ်းဆော့တဲ့အချိန်ဆို တအား မိုက်တာ]

...

ချက်ချင်းဆိုသလိုပင် ထောင်ချီသော ကောမန့်များ တက်လာသည်။ ထို့နောက်တွင် ချီးကျူးစကားများ မရေတွက်နိုင်အောင် ထွက်လာ၏။

ရဲ့လင်းချန်၏ နောက်ဆုံး အပြီးသတ် တိုက်ခိုက်ပုံက ရိုးစင်းသည်ဟု ထင်ရသော်လည်း နည်းနည်းလေးမှ အမှားခံ၍ မရချေ။ အခြေအနေကို သတိပြုနိုင်စွမ်း၊ လှည့်ကွက်၊ စိတ်အခြေအနေ တစ်ခုချင်းစီက သာမန်လူများ တည်ငြိမ်အောင် ထိန်းချုပ်နိုင်သော အရာ မဟုတ်ပေ။

ထို့အပြင် သူ၏ ရွှေမြန်မြန် ရှာနိုင်သော နည်းပေါ်တွင်လည်း အတော်လေး မူတည်သည်။

ရဲ့လင်းချန်ဘက်က Divine Rapier ကို ဝယ်လိုက်သောအချိန်က တကယ့် အချိန်ကောင်းပင်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now