Chapter 139

721 67 0
                                    

စာစဉ် 10 Chapter 139 ဝူဟန်၏ လက်စားချေမှု

ထို့နောက်တွင် ရဲ့လင်းချန်က ဟော်ရန်ကျား ရုပ်ရှင်အတွက် ဇာတ်ဝင်ခန်းအချို့ကို ညွှန်ကြားပြီး ပြင်ဆင်မှုအချို့ ပြုလုပ်လေသည်။ အရေးပါသော အက်ရှင်အခန်းအချို့သို့ ရောက်လျင် သူသည် အခန်းတိုင်းမှ လှုပ်ရှားမှုတစ်ခုချင်းစီကို သင်ပြလေသည်။ သူက သူတို့ကို တတ်နိုင်သမျှ လက်တွေ့ကျ၍ စိတ်လှုပ်ရှားအောင် သင်ပြပေးသည်။

သူ၏ အကြံပေးညွှန်ကြားမှုများက ထိရောက်ပြီး ရိုက်ကူးရေးဝန်ထမ်းများအား အကောင်းတကာ့ အကောင်းဆုံးကို ရိုက်ကူးနိုင်စေသည်။ တိုက်ခိုက်ခန်း အတော်များများမှ သူတို့၏ အပြင်အဆင်ကို ပြုပြင် ပြောင်းလဲ ခဲ့သည်။

ထို့ကြောင့် ရုပ်ရှင်တစ်ခုလုံးတွင် အလွန် ပြောင်မြောင်သော အစီအစဉ်များစွာ ပါရှိပြီး ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားနိုင်ရန် လွယ်ကူပေတော့မည်။

"သခင်လေးရဲ့ မင်းက သိပ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်၊ မင်းဘာသာမင်း အလွယ်တကူ ဒါရိုက်တာ လုပ်လို့ရပြီလို့ ငါ ထင်တယ်"

လီထိုက် အထင်ကြီးသွားသည်။ ရဲ့လင်းချန်၏ ဘေး၌ နေ၍ လိုက်ကြည့်ခြင်းဖြင့် သူ ကိစ္စအတော်များများကို သင်ယူလိုက်ရသည်။

"ကျွန်တော် အဲ့လောက် အချိန်မရပါဘူးဗျာ"

ရဲ့လင်းချန် လက်ကာပြလိုက်သည်။

"ကျွန်တော် ဟော်ရန်ကျားရုပ်ရှင်ရဲ့ ရိုက်ကူးရေးကို ခင်ဗျားလက်ထဲ အပ်ခဲ့လိုက်ပြီနော် ဒါရိုက်တာလီ"

"စိတ်ချပါ သခင်လေးရဲ့"

ဟော်ရန်ကျား ရုပ်ရှင်ရိုက်ကွင်းကို ရဲ့လင်းချန် ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သော်လည်း လူတိုင်း၏ လေးစားမှုကို လျင်မြန်စွာ ရရှိသွားသည်။ လီကျင့်က စတင်၍ အားလုံးက ရုပ်ရှင်ရိုက်ကူးရေး၌ အားသွန်ခွန်စိုက် အာရုံစိုက်ကြသည်။

ထိုစဉ် ဝန်ထမ်းတစ်ယောက်က သုန်မှုန်နေသော မျက်နှာထားနှင့်အတူ ခပ်သွက်သွက် ပြေးလာသည်။

"ဒါရိုက်တာလီ ကျွန်တော်တို့ ဝေ့ပေါ်မှာ ပြဿနာနည်းနည်း တက်နေတယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now