Chapter 110

825 87 1
                                    

စာစဉ် 8 Chapter 110 နောက်ဆုံး၌ ဦးမော့လာခြင်း

ဝူအာ၏ ဟီးရိုးသည် ဂိမ်းအစပိုင်း၌ အတော်လေး ဖိနှိပ်ံခဲ့ရသည်။ ယခု သူမအသင်းဘက်က အခြေအနေ ပိုသာချိန်၌ သူမ ပြန်လက်တုံ့ပြန်ချင်သည်က နားလည်နိုင်ပေသည်။
သို့သော် ပြိုင်ဘက်ဘက်မှ Axeက ငါးစာအဖြစ် သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
Slicencer ၏ အစွမ်းအထက်ဆုံး အကွက် ထုတ်သုံးလိုက်ပြီးနောက် တစ်ဖက်အသင်းမှ ဟီးရိုး လေးကောင်က မြူထဲမှ ထွက်လာပြီး ဝူအာအား ချက်ချင်း သတ်လိုက်သည်။
ဝူအာနှင့် မလှမ်းမကမ်း၌ ရှိနေသော ကိုးလ်၊ ရည်းစားစာနှင့် 09 တို့သည် အစက ဝူအာအတွက် စောင့်ကြည့်ပေးရန် စဉ်းစားထားကြသည်။ Axeက သေလုနီးပါး ဖြစ်နေသည်ကိုမြင်သောအခါ သူတို့သည်လည်း စိတ်လိုက်မာန်ပါဖြင့် သတ်ရန် ပြေးတက်လာ၏။
နောက်ဆုံးတွင် လေးယောက်လုံး တစ်ပြိုင်တည်း သေသွားကြသည်။
တစ်ဖက်အသင်းမှာ Axe သေသွားသော်လည်း သူတို့အသင်းတွင် ရဲ့လင်းချန် တစ်ဦးတည်းသာ ရှင်ကျန်ခဲ့သည်။
ထို့အပြင် ပြိုင်ဘက်အသင်း၏ Axeက ပြန်ရှင်လာသည်။ ယခုအခါတွင် ငါးယောက်လုံးက ရဲ့လင်းချန်ထံ ပြောင်ပြောင်တင်းတင်း ဦးတည်လာနေကြသည်။
[ယီးပဲ အဲ့ဝူအာကတော့ ... ငါတော့ ပြောစရာစကား မရှိတော့ဘူး]
[ဒါ အသင်းကို အနှောင့်အယှက် ပေးနေတာ သက်သက်ပဲ၊ သူ တမင် ငါးစာကို သွားချိတ်တာလား]
[ချီး ... ဝူအာက သူ့အသင်း အရှင်းခံရဖို့ ကြိုးစားနေတဲ့ သစ္စာဖောက်များလား]
[အရေးသာနေတဲ့ အခြေအနေက ဒီလို သုံးစားမရအောင် ဖြစ်သွားရတယ်လို့]
[တော်ပြီ၊ ဒါ ရန်သူနိုင်ပြီဆိုတာ သေချာနေပြီ]
ဝူအာကို ပြစ်တင်ပြောဆိုသော ကောမန့်များ ဖန်သားပြင်ပေါ်၌ အဆက်မပြတ် ပေါ်လာသည်။ သူတို့၏ စိတ်လှုပ်ရှားစိတ်တို့က ကောမန့်များတွင် အတိုင်းသား ပေါ်နေသည်။ အချို့ဆိုလျင် ကိုးလ်နှင့် အခြားသူများကိုပါ ပြောကြသည်။
ဂိမ်းက အတော်လေး ကြာနေပြီ ဖြစ်ပြီး ဟီးရိုးများ၏ cooldown ဖြစ်ချိန်ကလည်း စက္ကန့်တစ်ရာမျှ ကြာလာသည်။
စက္ကန့်တစ်ရာသည် သိပ်မကြာဟု ထင်ရသော်လည်း ဂိမ်း၏ အရှိန်တက်နေသော အခြေအနေတွင် တာဝါချိုးချိန်ပင် ဆယ်စက္ကန့်မျှသာ ကြာပြီ ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်ဘက်၌ အပြင်တာဝါများ မရှိတော့သဖြင့် ပြိုင်ဘက်က အတွင်းထဲသို့ ချက်ချင်း တွန်းဝင်လာနိုင်၏။
သူတို့ စခန်းကို တစ်ချက်တည်းဖြင့်ပင် ထိုးဖောက်လာနိုင်လောက်သည်။
ရဲ့လင်းချန် တစ်ယောက်တည်းနှင့် ငါးယောက်ကို ခုခံမည်ဟု မျှော်လင့်ရမည်လော။ ယင်းက ဖြစ်နိုင်ချေ မရှိပေ။
ဂိမ်းက ပြီးနေလေပြီ။
[ဒါ ငါ့အမှားပါ ...]
နောက်ဆုံးတွင် ဝူအာက အသံသေးသေးဖြင့် ဖျစ်ညှစ်၍ ပြောလာသ်ည။ သူမအသံက မျက်ရည်ကျလုနီးနီး အသံ ဖြစ်နေ၏။
ကောမန့်များကို ဖတ်ပြီးနောက် သူမ မျက်ရည်များ ကျလာသည်။ ကိုးလ်နှင့် ကျန်နှစ်ယောက်လည်း ပြောစရာ စကား ရှာမတွေ့ ဖြစ်နေကြသည်။ သူတို့သည်လည်း ဤရှုံးနိမ့်မှုအတွက် တာဝန်ရှိပေသည်။
ထိုစဉ် ဂျပန်ဘက်မှ ငါးယောက်က လူတိုင်း မြင်ရမည့် စာတိုများ ပို့လာသည်။
[ဟားဟားဟား မင်းတို့ တရုတ်တွေ ခွေးလိုဟောင်ဖို့ ပြင်ထားကြ၊ ဟဲဟဲဟဲ]
[ကံကောင်းပါစေ အမှိုက်တွေ]
[မင်းတို့တွေ ခုနက လေဖုတ်ရတာကို ကြိုက်နေတာ မဟုတ်ဘူးလား၊ အခု ဘာလို့ မပြောတော့တာလဲ]
သူတို့၏ စကားများက အတော်လေး အထိနာစေပြီး အသင်းအား စိတ်အခြေအနေ ထိုင်းမှိုင်းစေသည်။ ဤသည်ကိုမြင်သော် ဝူအာက ပို၍တောင်မှ ငိုလေတော့သည်။
ထိုအချိန်တွင် ဟူယွီ ထုတ်လွှင့်ရေး၏ ဌာနချုပ်၌ စုန့်ချမ်၏ မျက်နှာက ဖြူရော်နေသည်။
"ကြက်ဥအားလုံးကို ခြင်းတစ်ခြင်းထဲ မထည့်ပါနဲ့လို့ ရှင့်ကို ကျွန်မ ပြောသားပဲ၊ စုန့်ချမ် ရှင်က တော်တော် အဆင်အခြင်မဲ့တာပဲ"
ကျိုးမင်က ပျက်ရယ်ပြုသည်။
"နတ်ဘုရားတွေက လူသားတွေကို မျိုးသုဉ်းအောင် မလုပ်ခင် သူက ကျွန်မတို့ကို အရင် ရူးအောင် လုပ်လိမ့်မယ်၊ ဒီတစ်ခါတော့ ရှင် စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"
"စိတ်ချပါ ငါ အကျိုးဆက်ကို တာဝန်ခံမှာ"
စုန်ချမ့်က အသံခပ်နိမ့်နိမ့်ဖြင့် ပြန်ပြောရင်း ပွဲကို ဆက်လေ့လာနေသည်။
သူ ရဲ့လင်းချန်ကို အပြစ်မတင်ပါ။ ဤသည်က ကံဆိုးသွားခြင်း သက်သက်ပင်။
[ရှောင်ဝူ မငိုနဲ့တော့၊ ငါတို့ မရှုံးသေးဘူး၊ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်]
ရဲ့လင်းချန် ဝူအာကို နှစ်သိမ့်လိုက်သည်။
[အစ်ကို ဝိုင်နတ်ဘုရား၊ ရှင် ကျွန်မကို နှစ်သိမ့်စရာ မလိုပါဘူး၊ ဒါတွေအားလုံးက ကျွန်မကြောင့် ဖြစ်ရတာပါ]
ဝူအာက ဝမ်းနည်းနေဆဲပင်။
[ငါ မင်းကို နှစ်သိမ့်နေတာ မဟုတ်ဘူး၊စောင့်ကြည့်နေ၊ ငါတို့ ရှုံးသွားမှ ငိုလည်း နောက်မကျဘူး]
ရဲ့လင်းချန် ရယ်လိုက်သည်။
[မင်း ဆက်ငိုနေရင်၊ အဲ့ဒါက ငါ့အခြေအနေကို ထိခိုက်စေမှာ ပြီးတော့ ငါတို့ကို တကယ် ရှုံးသွားစေလိမ့်မယ်]
ဝူအာက ချက်ချင်း အငိုရပ်သွားသည်။ သူမ နှာတရှုံ့ရှုံ့ဖြင့် မေးလိုက်သည်။
[တကယ်လား]
[ဒါပေါ့]
ရဲ့လင်းချန်၏ အမူအရာက လေးနက်နေပြီး သူ့ဆီ ဦးတည်လာနေသော ဟီးရိုး ငါးကောင်ကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ဂျပန်အသင်းက ရဲ့လင်းချန်၏ အလယ်လမ်းသို့ တိုက်နေပြီ ဖြစ်သည်။ အလယ်လမ်းမှာ တာဝါက ကျိုးသွားပြီး အခြေအနေက စိတ်ပျက်စရာ ကောင်းလာသည်။ ဂိမ်းအတွင်း၌ အဆင့်အမြင့်ဆုံး ဖြစ်နေသော ရဲ့လင်းချန်၌ နောက်ဆုံး ပစ္စည်းငါးခု ရှိနေပြီ ဖြစ်သည်။
၎င်းတို့မှာ Blink Dagger, Boots of Travel, Daedalus (Crystalys မှ အဆင့်မြှင့်ထားသောအရာ), Mask of Madness နှင့် Black King Bar တို့ ဖြစ်၏။
ထို့အပြင် သူ၏ ရွှေက ခြောက်ထောင်အထိ ရောက်နေပြီ ဖြစ်သည်။
သူ အလျင်စလို ပြေးတက်ပြီး သေသွားပါက အကျိုးမရှိချေ။ ထို့ကြောင့် ရဲ့လင်းချန်က ရွှေခြောက်ထောင်လုံးကို သုံး၍ Divine Rapier ကို ဝယ်လိုက်သည်။
[သေစမ်း ဒါက Divine Rapierပဲ၊ တစ်ယောက်ယောက်က ဂိမ်းထဲမှာ Diviene Rapier ကို ဝယ်တာကို ငါ ပထမဆုံး မြင်ဖူးတာပဲ]
[အား ... အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ၊ ဝိုင်နတ်ဘုရားက အကုန်ပုံအောပြီး တိုက်တော့မှာလား]
[သူ့တစ်ယောက်တည်းနဲ့ဆို မသေချာသလိုပဲ]
[ဝိုင်နတ်ဘုရား ရလဒ်က ဘယ်လိုပဲ ဖြစ်လာပါစေ ငါ မင်းကို အားပေးတယ်]
Divine Rapier : တိုက်ခိုက်ပျက်စီးစေမှုနှုန်း အဆ သုံးရာ့ငါးဆယ် ပိုတိုးစေပြီး သေဆုံးမှု ကြီးစေသည်။
ထိုအခိုက်တွင် အားလုံးက ဖန်သားပြင်ရှေ့၌ အသက်ကို အောင့်ထားပြီး လက်သီးကို တင်းနေအောင် ဆုပ်ထားသည်။ စကားဝိုင်းကို တိတ်ဆိတ်ခြင်းက စိုးမိုးသွားသည်။
*ဝိုင်နတ်ဘုရား မင်း လုပ်နိုင်ပါတယ်*
ကြည့်ရှုသူတိုင်းက စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေကြသည်။
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီး ပြိုင်ဘက် ငါးယောက်၏ တည်နေရာကို လေ့လာလိုက်သည်။ ထောင့်တစ်ခု ရွေးပြီးနောက် သူသည် ဂျပန်အသင်း အနောက်သို့ တည်နေရာ ပြောင်းလိုက်သည်။
MoM ကို စတင် အသုံးပြုလိုက်၏။
ပထမဆုံး ပစ်မှတ်မှာ အသင်း၏ အနောက်၌ ရှိသော Silencer ပင်။ သူ့အား လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
နှစ်ချက်သာ လိုလိုက်သည်။
ပထမတစ်ချက်တွင် သူ၏ သွေးတန်း သုံးပုံတစ်ပုံ လျော့သွားသည်။ ဒုတိယတစ်ချက်တွင် ချက်ကောင်းထိကာ နီရဲနေသော စာတန်း ပေါ်လာ၏။
၀.၅ စက္ကန့်အတွင်း Silencer သေသွားသည်။ ချက်ချင်းဆိုသလိုပင် Slayer ကို ပစ်မှတ်ထားလိုက်လေသည်။
တစ်ချက်တည်းနှင့် Slayer လည်း သေသွားသည်။
တစ်စက္ကန့်ပင် မပြည့်သေးသောအချိန်၌ ပြိုင်ဘက် နှစ်ယောက် အသတ်ခံလိုက်ရသည်။ ထိုအခါတွင်မှ သူတို့ ဘာဖြစ်သွားသလဲ သတိပြုမိကြသည်။
ထိုအချိန်တွင် ရဲ့လင်းချန်က Black King Bar ကို အသုံးပြုလိုက်သည်။
Black King Bar : မှော်စွမ်းအင်ကို ဆယ်စက္ကန့် ခံနိုင်ခြင်း။
ဝိညာဉ်ဆုတောင်း။ ရှဲဒိုးဖီးန်က သူ၏ နောက်ဆုံးအကွက်ကို ထုတ်သုံးလာသည်။ သို့သော် ထိုသို့ ထုတ်သုံး နေချိန်တွင် Axe ၏ ကြားဝင် နှောင့်ယှက်ခြင်း ခံလိုက်ရသည်။
သူ့အား အထိနာအောင် လုပ်ပြီးနောက် နောက်ဆုံးအကွက်ကို ဆက်၍ သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်များစွာ ထွက်လာသည်။ ပတ်ဝန်းကျင်၌ ရှိနေသော ခရိများ ချက်ချင်း အရှင်းခံလိုက်ရပြီး အသက်ရှင် နေသေးသော Axe၊ Death Prophet နှင့် Juggernaut တို့ သွေးတစ်ဝက် လျော့ကုန်သည်။
ထိုအချိန်တွင် ရှဲဒိုးဖီးန်သည်လည်း သုံးပုံတစ်ပုံသာ ကျန်တော့သည်။
မြင်ကွင်းက နည်းနည်းတော့ ရှုမလှချေ။ ရှဲဒိုးဖီးန်က ပြိုင်ဘက် သုံးယောက် ဝိုင်းတာကို ခံနေရသည်။
ရဲ့လင်းချန်က Juggernaut ကို အရင် စတိုက်လိုက်သည်။ သူသည် ပြိုင်ဘက်အသင်း၏ အဓိက DPS ဖြစ်သည်။
နှစ်ကွက်အတွင်း Juggernaut သေသွားလေသည်။ နောက်တစ်ယောက်မှာ Death Prophet ဖြစ်၏။
နှစ်ကွက်တည်းနှင့် သွေးအားက ၁၉၀၀ မျှသာ ကျန်တော့ပြီးနောက် သေသွားလေသည်။
ထို့နောက်တွင် ရှဲဒိုးဖီးန်က ခပ်မျှင်မျှင်မျှသာ ကျန်ရှိသော သွေးဖြင့် Axe အား သာမန်အတိုင်း တိုက်ခိုက်လေသည်။
သို့သော် Axeက ထိခိုက်မှုကို အသားပေးသော ဟီးရိုးမဟုတ်ချေ။ ထို့အပြင် ရဲ့လင်းချန်က MoM သုံးထားသဖြင့် ထိခိုက်ပျက်စီးစေနှုန်း ပိုသာနေပြီး တိုက်ကွက်တိုင်းမှ သူ့အား ဆက်၍ အသက်ရှင်အောင် ဆွဲဆန့်ထားပေသည်။ အခြေအနေ မကောင်းသူက Axe သာ ဖြစ်နေ၏။ သို့သော် အကြိမ် အနည်းငယ်အတွင်း Axe လည်း သေသွားလေသည်။
တိုက်ပွဲအလယ်၌ အနက်ရောင် ခပ်မြင့်မြင့် ပုံရိပ်တစ်ခုသာ မားမားမတ်မတ် ရပ်နေသည်။ ရှဲဒိုးဖီးန်၏ သွေးကလည်း ၁၇ လောက်သာ ရှိတော့သည်။
[Rampage]
[ဝိုင်နတ်ဘုရားက Rampage ပဲ]
အားလုံး တိတ်ဆိတ်သွားပြီး စနစ်မှ ကြေငြာသံသာ ထွက်ပေါ်နေ၏။
မရေတွက်နိုင်သော ကြည့်ရှုသူများသည် မျက်ရည်များကို ထိန်းထားကြသည်။ ဤသည်က သူတို့အတွက် အိပ်မက် မက်နေသလိုပင်။
*ငါတို့ နိုင်သွားတာလား*
*ငါတို့ တကယ် နိုင်သွားတာလား*
သူတို့ ဖြစ်နိုင်ချေ များစွာကို တွေးခဲ့သော်လည်း ဤသို့သော် ပြင်းထန်၍ စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲ ဖြစ်လာမည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
*သန်မာတယ်*
*သန်မာလွန်းတယ်*
အဖြစ်အပျက်ကြောင့် အားလုံး မှင်တက်နေချိန်တွင် ရဲ့လင်းချန်က ကျန်နေသော အသက်ဖြင့် Boots of Travel ကိုသုံး၍ ပြိုင်ဘက်အသင်း၏ စခန်းသို့ တည်နေရာ ကူးပြောင်းလိုက်သည်။ သူ၏ ပြင်းထန်သော တိုက်ခိုက်မှုနှုန်းဖြင့်  ပေါင်းလိုက်သောအခါ ပြိုင်ဘက်၏ မြေထဲ ရောက်သွားပြီး စခန်းကိုပါ ဖျက်လေတော့သည်။
ထိုစည် ကိုးလ်နှင့် ကျန်သုံးယောက်လည်း အသက် ပြန်ရှင်လာသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် Boots of Travel များသုံးကာ ပြိုင်ဘက်၏ မြေထဲ ကူးပြောင်း၍ စခန်းဖျက်ဆီးခြင်း၌ ဝင်အားဖြည့်ကြသည်။
[အစ်ကို ဝိုင်နတ်ဘုရား၊ ရှင် ... ရှင်က သိပ်တော်တာပဲ၊ ရှင်က ကျွန်မရဲ့ စံပြပုဂ္ဂိလ် ဖြစ်သွားပြီ၊ ကျွန်မက ရှင့်ပရိသတ်ပဲ]
ဝူအာက မျက်ရည်များသုတ်၍ ပြုံးနေကာ သူမအသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
[ငါ့ကံက ကောင်းသွားလို့ပါ၊ ပြိုင်ဘက်တွေ အံ့ဩပြီး အမှားလုပ်မိသွားကြလို့လေ၊ Axe က သူ့အကွက်ကို ထုတ်သုံးတာ စောလွန်းသွားတာ၊ မဟုတ်ရင် အခြေအနေက မတူနိုင်ဘူး]
ရဲ့လင်းချန် အပြုံးနှင့် ရှင်းပြလိုက်သည်။
[အစ်ကို ဝိုင်နတ်ဘုရား ကျွန်မ တစ်ခုလောက် မေးလို့ရလား]
ဝူအာ၏ ချစ်စရာကောင်းသော အသံလေးက အခြားသူများအား ငြင်းဆန်ရ ခက်ခဲစေသည်။
[ဘာမေးမလို့လဲ]
[ရှင် ... ရှင့်ပရိသတ်နဲ့ ဟိုဒင်းဟိုဟာ လုပ်လား]
....

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now