Chapter 116

881 83 6
                                    

စာစဉ် 8 Chapter 116 လုလုပ်ငန်းစု၏ တောင်းဆိုမှု

"မင်း အကူအညီခေါ်လည်းအ သုံးမဝင်ဘူး၊ ငါ လုလုပ်ငန်းစုအတွက် အချိကြီးတွေ လုပ်ပေးခဲ့တာ၊ သူတို့ ငါ့အတွက် လက်စားချေပေးမှာ သေချာတယ်"

အဖော်မဲ့ ဝံပုလွေက တစ်ကိုယ်လုံး နာကျင်နေသော်လည်း ရဲ့လင်းချန်အား မုန်းတီးရန်လိုမှုအပြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

ရဲ့လင်းချန်က သူ့ကို ဥပေက္ခာပြု၍ ငြိမ်သက်စွာ ကြည့်နေသည်။

ဆယ့်ငါးမိနစ် ကြာသော် အပြင်ဘက်၌ အကောင်းစား ကားသုံးစီး ဆိုက်ရောက်လာသည်။

ကားကိုပင် စက်မသတ်ဘဲ လုထျန်းရှုံးက ကားပေါ်မှ အသည်းအသန် ပြေးဆင်းလာသည်။ သူ့မျက်နှာက နီမြန်းနေပြီး စိုးရိမ်တုန်လှုပ်နေမှန်း သိသာလှသည်။

သူ့အနောက်မှနေ၍ လုဟောင်ကလည်း ကားထဲမှ အသည်းအသန် ဆင်းလာ၏။ သူတို့အတွက် တည်ငြိမ်နေရန် မဖြစ်နိုင်ပေ။

ရဲ့လင်းချန်၏ လေသံအရ တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း လုဟောင် အတပ် ပြောနိုင်သည်။ သူ ချက်ချင်း တောင်စမ်းရေ အိမ်ခြံမြေရုံးခန်းသို့ ဆက်သွယ်လိုက်ပြီးနောက် အသက်ထွက်မတတ် ကြောက်လန့်သွားရသည်။

သူ့လူများက ရဲ့လင်းချန်ကို ထပ်မံ၍ ဒေါသထွက်အောင် လုပ်လိုက်သည်တဲ့လား။

*အရူးတွေ*

*သုံးစားမရတဲ့ဟာတွေ*

လုဟောင် ငိုချင်သွားသည်။ သူသည် ပေကျင်းသို့ ရောက်ခါစသာ ရှိသေး၏။ ဘယ်လိုလုပ် တစ်စုံတစ်ယောက်က ရဲ့လင်းချန်ကို ထပ်၍ ရန်သွားစရသနည်း။ သူတို့က သူ့ကို သတ်ရန် ကြိုးစားနေသလော။

လုထျန်းရှုံးနှင့် လုဟောင်တို့ကို မြင်လိုက်သောအခါ အဖော်မဲ့ ဝံပုလွေ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး နာကျင်မှုကိုပင် မေ့လုနီးပါး ဖြစ်သွားသည်။ သူ ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်ပြီး သူတို့နှင့် တွေ့ရန် အပြေးသွားလိုက်သည်။

"ဥက္ကဋ္ဌ၊ သခင်လေး၊ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ကို လာတွေ့လိမ့်မယ်လို့ ထင်မထားမိဘူး၊ အခု ကျွန်တော် ဝမ်းသာလွန်းလို့ သေနိုင်ပြီဗျာ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now