Chapter 179

754 76 1
                                    

စာစဉ် 12 Chapter 179 ခင်မင်လို့ သတိပေးခြင်း

"ရှောင်ရဲ့ မင်း ဘယ်လိုချက်ရမလဲ သိလို့လား"

ရှောင်ကမ်းက တအံ့တဩ မေးလိုက်သည်။ ရဲ့လင်းချန်က ရယ်လေသည်။

"နည်းနည်းပါ၊ ငါ စမ်းကြည့်မလို့"

"မစမ်းတာ ကောင်းတယ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေအားလုံးကို ဖြုန်းလိုက်မိလို့ ဘာမှ သိပ်မကျန် တော့ဘူး၊ မင်း အားကုန်အောင် လုပ်မနေပါနဲ့တော့ကွာ"

ရှန်းကလည်း‌ ဖျောင်းဖျသည်။

"ရပါတယ်၊ ငါလည်း ဗိုက်ဆာနေသေးတာမှ မဟုတ်တာ"

ရဲ့လင်းချန် ခဏရပ်လိုက်ပြီးမှ ရှောင်ကမ်းတို့ သုံးယောက်ကို တွေးဆ၍ ပြောလိုက်သည်။

"ခင်လို့ သတိပေးထားဦးမယ်၊ မင်းတို့ စားတာကို ထိန်းထားသင့်တယ်၊ ငါ့လက်ရာကို မြည်းစမ်းကို နည်းနည်း ဗိုက်ထဲမှာ နေရာ နည်းနည်းချန်ထားကြဦး"

သုံးယောက်သား သတိလက်လွတ် ဖြစ်သွားပြီး ပေါင်မုန့်ကို လှမ်းယူနေသည့် လက်များ ရပ်တန့်သွားပြီး ရဲ့လင်းချန်အား ဇဝေဇဝါဖြစ်သော အကြည့်ဖြင့် ပြန်ကြည့်လေသည်။

*ခင်လို့ သတိပေးတယ်၊ အဲ့ဒါ ဘာကို ပြောချင်တာလဲ*

ရဲ့လင်းချန် ဘာမှထပ်မပြောတော့ချေ။ ထိုအစား သူသည် မေ့ထားလိုက်သော အသားကင်သည့် စင်ဘက်သို့ လျှောက်သွားလေသည်။ သူ၏ အချက်အပြုတ် စွမ်းရည်က တစ်ရာဖြစ်နေသော်လည်း သူ တစ်ခါမှ မချက်ပြုတ်ဖူးပေ။ ထို့ကြောင့် နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်မလဲ သေချာ မသိပါ။

အသားကင်သည့် စင်ဘက်သို့ ရောက်သောအခါ ရဲ့လင်းချန် ခပ်သွက်သွက် တစ်ချက်ကြည့်လိုက်ပြီးနောက် ယုံကြည်မှု ရှိသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲ၌ ချက်ပြုတ်နည်းများစွာ အသင့်ပေါ်နေလေ၏။

အသားအများစုကို အသုံးပြုပြီးသွားသော်လည်း ဟင်းသီးဟင်းရွက် အချို့နှင့် အသား အပိုင်းအစ အနည်းငယ် ကျန်နေသေးသည်။

သူ ပြုံးလိုက်ပြီး အသားကင်သည့် စင်ကို မြန်မြန် သန့်ရှင်းလိုက်သည်။ ထို့နောက်တွင်မူ အပူပေး၍ ကျန်သော ဟင်းသီးဟင်းရွက်များကို လှီးဖြတ်လိုက်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Unde poveștirile trăiesc. Descoperă acum