Chapter 90

898 114 1
                                    

Chapter 90 အဲ့ဒီလူရဲ့ ပုံရိပ်

ခရိုင်တစ်ခုလုံးမှ စစ်သည်တော်များကို ပြိုင်ပွဲ၌ ဝင်ပြိုင်ရန် ခွင့်ပြုခြင်းက နည်းပြတစ်ယောက်အတွက် ရူးချင်စရာ ကောင်းသော အပြုအမူပင်။

အဘယ်ကြောင့်ဆိုသော် ထူးချွန်သော စစ်သည်တော် အရေအတွက်က အကန့်အသတ် ရှိသောကြောင့်ပင်။ ခရိုင်တစ်ခုလုံးမှ စစ်သည်တော်များအားလုံး ထူးချွန်နေရန် မဖြစ်နိုင်ပါ။ အဆင့်နိမ့်သော သူများကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီး နောက်ကောက်ကျန်ခဲ့ပါက သူတို့၏ ပုံရိပ်ကို ရိုက်ချိုးသလို ဖြစ်သွားပေမည်။

သို့သော် ဖန့်ဟုန်က ယုံကြည်ချက်အပြည့် ရှိနေ၏။

ပြိုင်ပွဲတည်နေရာသည် ကျယ်ဝန်းသော ဟင်းလင်းပြင် နေရာတစ်ခု၌ တည်ရှိသည်။ ပြိုင်ပွဲ အမျိုးအစား သုံးခုရှိသည်။ ပထမတစ်ခုမှ အတားအဆီး ဖြတ်ကျော်ခြင်းပြိုင်ပွဲ၊ ဒုတိယတစ်ခုမှာ သေနတ်ပစ်ပြိုင်ပွဲနှင့် တတိယမှာ သိုင်းလက်သီး ပြိုင်ပွဲ ဖြစ်သည်။

ထိုပြိုင်ပွဲ သုံးခုအား ဆက်တိုက် ပြိုင်ခိုင်းထားပြီး ကြားထဲ၌ နားချိန်မရှိချေ။ အတားအဆီး ဖြတ်ကျော်ခြင်း ပြိုင်ပွဲကို ပြိုင်ပြီးသွားသည်နှင့် သေနတ်ပစ် ပြိုင်ပွဲသို့ တန်းသွားရသည်။ ပြီးလျင် သိုင်းလက်သီး ပြိုင်ရပေမည်။

အပြင်အဆင်အစား ဆယ်ခုစာ ပြင်ထားသဖြင့် တစ်ကြိမ်လျင် ဆယ်ယောက် ပြိုင်နိုင်သည်။ လူအယောက်တစ်ရာက တစ်ပြိုင်တည်း ပြိုင်နိုင်သည်ဟု ဆိုရပေမည်။

လူရွေးပွဲ ပြိုင်ပွဲ စသည်နှင့် ပထမတစ်သုတ်မှ လူအယောက်တစ်ရာက ကျားသစ်သဖွယ် ပြေးလွှားကြသည်။

ဤလူရွေးပွဲအတွက် သူတို့အားလုံးသည် နာရီပေါင်း မရေတွက်နိုင်လောက်အောင် လေ့ကျင့်ခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်းက အလိုလို လှုပ်ရှားမိသည်အထိ ဖြစ်နေ၏။

အသုတ်တိုင်းက အလွန် လျင်မြန်လှသည်။ အတားအဆီး ပြိုင်ပွဲ၏ ပျမ်းမျှ ကြာချိန်မှာ သုံးမိနစ် ဖြစ်သည်။ သေနတ်ပစ် ပြိုင်ပွဲ၏ ပျမ်းမျှ ကြာချိန်မှာ စက္ကန့်လေးဆယ်ဖြစ်ပြီး သိုင်းလက်သီးက သုံးမိနစ်ခွဲ ဖြစ်ပေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now