Chapter 131

715 62 0
                                    

Chapter 131 ရဲ့လင်းချန်၏ ရည်မှန်းချက်များ

*ကြက်ပေါင်နဲ့ ဝက်ခြေထောက် ဟုတ်လား*

*ဟဲဟဲ ငါ စိတ်မကောင်းပါဘူး၊ မင်းတို့က စိတ်ကူးယဉ်နေတာပဲ၊ အဲ့ဒါမျိုး ဒီတစ်လလုံး မဖြစ်လာစေရဘူး*

*ပြီးတော့ မနက်ဖြန် လေ့ကျင့်ခန်းက နှစ်ဆ ဖြစ်လာလိမ့်မယ်*

ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေကို စိုက်ကြည့်၍ တွေးတောနေပြီးနောက် နောက်လှည့်၍ ထွက်လာ လိုက်သည်။

ရှောင်ချင်နှင့် ရှောင်ဟွေတို့ ကျောရိုးထဲအထိ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူတို့ တုန်ယင်လျက်ဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ ထို့နောက်တွင်မူ သူတို့သည် သမ်းဝေ၍ ပြန်အိပ်သွားသည်။

*ဒီဉာဏ်များတဲ့ ဝံပုလွေနှစ်ကောင်ကတော့ကွာ ... သူတို့ကပဲ ငါ့ကို ကြည့်ဖို့ အချက်ပြပြီးတော့ ဒါတောင် သူတို့က ငါ့ကို နှာဘူးလို့ ခေါ်လိုက်သေးတယ်၊ ဆိုဆုံးမရခက်တဲ့ကောင်တွေ*

*ပြီးတော့ ဒါကို ချောင်းကြည့်တယ်လို့ သတ်မှတ်လို့ရလို့လား၊ ငါက တရားမျှတမှုအတွက် လုပ်နေတာပဲကို*

ရဲ့လင်းချန်သည် သူ၏ ချောင်းကြည့်မှုအတွက် ဘက်လိုက်၍ တွေးတောနေသည်။ သူ အပေါ်ထပ်သို့ သတိနှင့် တက်လာသည်။ သို့သော် ထိုသို့သောအချိန်၌ ...

"ကလစ်"

မီးဖွင့်လိုက်သံနှင့်အတူ တစ်ခန်းလုံး လင်းထိန်သွားသည်။

ရဲ့လင်းချန် တောင့်ခနဲ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ရေချိုးခန်းထဲမှ ရေချိုးပြီး ထွက်လာသော ကျန်းယွင်ရှီသည်လည်း ကြက်သေ သေသွားလေသည်။

သူမသည် ရဲ့လင်းချန် ဧည့်ခန်းသို့ ခိုးကြောင်ခိုးဝှက် ပြန်တက်လာမည်ဟု ထင်မထားသဖြင့် ကြောင်တောင်တောင် ဖြစ်နေ၏။

လက်ရှိတွင် သူမသည် ငေးငိုင်နေကာ ဆံပင်များက စိုလျက်ရှိနေပြီး  ခန္ဓာကိုယ်တွင် ခပ်ပါးပါး ရေချိုးခန်းဝတ်စုံကိုသာ ဝတ်ထားပြီး ရေချိုးခန်းတံခါးဝ၌ မျက်လုံးအပြူးသားဖြင့် ရဲ့လင်းချန်ကို အလန့်တကြား ကြည့်နေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now