Chapter 72

1K 124 0
                                    

ပြီးခဲ့တဲ့ တနင်္ဂနွေက နေမကောင်းလို့ မတင်နိုင်ခဲ့တာအတွက် အကြွေးပြန်ဆပ်လိုက်ပါပြီ။

Chapter 72 အရှက်မရှိသော ရှစ်လေ့

ထိုမှတ်ချက်က ရှစ်လေ့၏ ဝေ့ပေါ်၌ ပွက်လောရိုက်သွားစေသည်။

[အထူးပြုလုပ်ချက် ဟုတ်လား၊ ငါ သိနေတယ်၊ လူတစ်ယောက်က ဘယ်လိုလုပ် ဝံပုလွေတစ်ကောင်ကို လက်ဗလာနဲ့ ချနိုင်မှာလဲ]

[ငါလခွမ်းတဲ့မှ၊ ငါတို့ အရူးလုပ်ခံရတာပဲ၊ ဝိုင်က နာမည်ကျော်ဖို့အတွက် ဘာမဆိုလုပ်တာပဲ၊ အရှက်ကိုမရှိဘူး]

[အားလုံးက အညာတွေချည်းပဲ၊ အမှိုက်ကောင်၊ ဒါ ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းအတွက်ပဲ ဖြစ်ရမယ်]

[ဆရာရှစ်လေ့ရဲ့ မျက်လုံးက စူးရှပြီး မျက်စိရှင်တာပဲ၊ သိုင်းပညာ ကျွမ်းကျင်သူ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး]
[ဝိုင် အနုပညာနယ်ပယ်ကနေ ထွက်သွားစမ်း]

...

လုပ်ကြံပြောဆိုသူများ၏ အင်အားက အကန့်အသတ်မဲ့လှသည်။ ထိုအကြောင်းအရာက ရေပန်းစားသော စာမျက်နှာသို့ အလွန် လျင်မြန်စွာ ရောက်ရှိသွားသည်။

မရေတွက်နိုင်သော လုပ်ကြံပြောဆိုသူများနှင့် ရှစ်လေ့၏ ပရိသတ်များ ပူးပေါင်းကာ ရှစ်လေ့၏ ဦးဆောင်မှုနောက် လိုက်၍ ဝိုင်အား ခွေးရူးတစ်အုပ်သဖွယ် ဝိုင်းတိုက်ခိုက်လေသည်။

ယခုလေးတင် ဖွင့်လိုက်သော ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်ပေါ်မှာတောင်မှ ပုတ်ခတ်စော်ကားသော စကားများနှင့် ပြည့်နေ၏။

[ဝိုင် မင်း လူလိမ်ကောင်၊ ထွက်သွားစမ်း]

[အရမ်း အရှက်မဲ့တဲ့ ခွေးကောင်]

[သိုင်းပညာ ထူးချွန်သူတဲ့လား၊ မင်း ဆရာရှစ်ရဲ့ လက်သီးကိုတောင် မခံနိုင်ဘူးလို့ ငါ လောင်းရဲတယ်]

...

ရဲ့လင်းချန် ပြန်မပြောပေ။ သူ့ပရိသတ်များစွာက ရှစ်လေ့၏ အကောင့်သို့ အပြေးသွားနေပြီး နှစ်ဖက်လုံး အပြိုင်အဆိုင် ရန်ဖြစ်နေကြသည်။

[လူတစ်ယောက်က အရည်အချင်း ရှိတယ်ဆိုတာကို ဝန်ခံဖို့ ခက်သလား]

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now