Chapter 66

1K 131 4
                                    

Chapter 66 ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ကိန်းဂဏန်း အချက်အလက်

မရေတွက်နိုင်သော ကြည့်ရှုသူများက သူ့အား ဇာတ်လမ်းကို ဆက်ပြောရန် တောင်းဆိုနေကြသည်။ ရှောင်ယုသည်လည်း အရူးတစ်ယောက်လို မှတ်ချက်များ ရေးနေမိသည်။ သူ ဆက်၍ နားထောင်ချင်နေ၏။ ပြောရမညဆိုလျင် သူ ဇာတ်လမ်း အပြည့်အစုံကို နားထောင်ရန် သုံးရက်သုံးညတိတိ မနားမနေ နေချင်စိတ် ရှိပါသည်။

သို့သော် ရဲ့လင်းချန်က သူတို့ကို နှုတ်ဆက်ရုံမျှ နှုတ်ဆက်ပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်းကို ပိတ်လိုက်သည်။

*ဟုတ်သားပဲ၊ ငါ မနေ့က ထုတ်လွှင့်တာကို ပြန်ကြည့်လို့ရတာပဲ*

ရှောင်ယုသည် အရုပ်သစ်တစ်ခု ရလိုက်သော ကလေးတစ်ယောက်သဖွယ် ရင်ခုန်နေ၏။ သူသည် မနေ့က ရဲ့လင်းချန်၏ ထုတ်လွှင့်မှုကို စိတ်မရှည်စွာ ဖွင့်၍ နားထောင်လိုက်လေသည်။

ထိုအချိန်တွင် ဟူယွီ ဌာနချုပ်၌ ...

"စုန့်ချမ် ဒါ ဘာသဘောလဲ, ရှင် ဘာလို့ ပင်မစာမျက်နှာအတွက် ကျွန်မ ပြင်ထားတဲ့ဟာကို ဖြုတ်ပစ်ရတာလဲ'

မိန်းကလေးတစ်ယောက်က စားပွဲပေါ် လက်နှစ်ဖက်ထောက်ကာ ကိုယ်ကိုကိုင်း၍ မေးလာ၏။ သူမသည် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အတိုနှင့် အနက်ရောင် မျက်မှန်ကို တပ်ထားသည်။ သူမပုံစံက ပရော်ဖက်ရှင်နယ်တစ်ယောက်နှင့် တူသည်။

သူမနာမည်က ကျိုးမင် ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ၏ တာဝန်ခံလည်း ဖြစ်သည်။ စုန့်ချမ်က သူ့မျက်မှန်ကို အနေအထားပြင်လိုက်ပြီးမှ တည်ငြိမ်စွာ ပြန်ဖြေလေသည်။

"ဝိုင်နတ်ဘုရားက မင်းပြင်ထားတာထက် ပိုပြီး အလားအလာရှိတယ်လို့ ငါ ခံစားရလို့"

"ရှင် ခံစားရလို့ ဟုတ်လား"

ကျိုးမင်က ခနဲ့လာသည်။

"ကျွန်မတို့ ကုမ္ပဏီက ဘယ်တုန်းက ခံစားချက်အပေါ် မူတည်ပြီး လည်ပတ်သွားတာလဲ၊ တိုက်ရိုက် ထုတ်လွှင့်ခြင်း လုပ်ငန်းက အခုတလော အခြေအနေ ကောင်းတာ မဟုတ်ဘူး၊ ရှင် အခုလို ဝင်ပါနေမယ်ဆိုရင် ကျွန်မတို့အားလုံး အတူတူ ကျဆင်းသွားလိမ့်မယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now