Chapter 125

706 60 0
                                    

စာစဉ် 9 Chapter 125 လူသားတွေက ကြောက်ဖို့ကောင်းတယ်

ခပ်ပြင်းပြင်း အသက်ရှူသံများကို ကြားနေရပြီး အသံတိုင်းတွင် ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေ၏။ ထိုအသံများကို ရဲ့လင်းချန် ကြားလိုက်ရသောအခါ မျက်နှာ နီရဲတက်လာသည်။

အသံက ဒုတိယထပ်မှ လာခြင်း ဖြစ်သည်။ ရဲ့လင်းချန်သည် ပြတင်းပေါက်ကို မော့ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရျူ၍ နံရံပေါ် ခုန်တက်လိုက်ကာ ပြတင်းပေါက်ဘောင်ကို မှီထားလိုက်လေသည်။

ပြတင်းပေါက်မှ သူ လှမ်းကြည့်လိုက်မိသည်နှင့် အသက်ရှူရန်ပင် မေ့သွားသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းလာပြီး မျက်လုံးများ နီတက်လာ၏။

အခန်းအတွင်းပိုင်းအား ပန်းရောင် သုတ်ထားပြီး အရုပ်အချို့ ထားထားသည်။ ထိုအခန်းက မိန်းကလေး တစ်ယောက်၏ အခန်းမှန်း သိသာပေ၏။ အံ့ဩစရာကောင်းသည်မှာ ခုတင်ပေါ်၌ မိန်းကလေးနှစ်ယောက် ရှိနေခြင်းပင်။

သူတို့၏ ခန္ဓာကိုယ်က ကျောက်စိမ်းအလား ဝင်းမွတ်နေပြီး ရင်သက်ရှူမောဖွယ် ကောင်းလှသည်။ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး အလွန် ချစ်စိတ်ပြင်းပြစွာ ပွေ့ဖက်ထားကြသည်။

သူတို့၏ ပါးများက နီမြန်းနေကာ မျက်လုံးများ ပိတ်ထားပြီး မျက်နှာတွင် ချမ်းမြေ့ပျော်ရွှင်ဟန် အမူအရာ ပေါ်နေကာ အဆက်အပြတ် ညည်းနေကြပြီး သူတို့ကိုယ်ပိုင် ကမ္ဘာထဲ၌ နစ်မျောနေလေသည်။

*ဒါ ... ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ရဲ့လင်းချန်တစ်ယောက် ရင်ဘတ်ထဲမှနေ၍ နှလုံးသား ခုန်ပေါက်ထွက်လာလုမတတ် ခံစားလိုက်ရသည်။ သူ တံတွေးမျိုချ၍ ဘေးဘီကို ကသုတ်ကရက် ကြည့်လိုက်ကာ သူ့ကိုယ်သူ ကျယ်လောင်စွာ ထမအော်မိအောင် ထိန်းနေရသည်။

လူမိခြင်းမှ ရှောင်ရှားနိုင်ရန် သူသည် ခန္ဓာကိုယ်အား ဘေးသို့ မသိမသာ ယိမ်းလိုက်ပြီး စိတ်ဝင်တစား ကြည့်နေမိသည်။

"မြတ်စွာဘုရား လူသားတွေက ကြောက်ဖို့ကောင်းလိုက်တာ၊ ဒါ အရမ်း နှာဘူးကျလွန်းတယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora